top of page
11.jpg

About

THIHA

Overlay1.png
THIS IS ME

AS SEEN ON

...AND MORE

VOA Myanmar
The Myanmar Times
Global New Light of Myanmar
Myanma Alinn
MRTV-4
Thiha Lu Lin in France
Thiha Lu Lin in China
Frame
Thiha Lu Lin in Indonesia
Icon
Icon
Icon
Frame
Frame

Hi! I'm Thiha Lu Lin, currently based in Myanmar known as Burma. From my passion for travelling, photography, video and sharing experiences, "Thiha, the Traveller" was born on Facebook since 2016. Actually, I become a blogger since 2012 as I blogged so many poems, short stories, reviews and travel stories through Blogger.com. At that time being, blogging is not popular as today. Local didn't want to surf blogs plus the military government banned all the blogging platforms, so that people need some technical skills to read blogs. Also, the internet data fees were quite high and very limited to have one. We have to think other ways for blogging and social media platforms are the best solutions we founded. Here in Myanmar (Burma), Facebook is the best blogging platform so far. All Myanmar Bloggers need to have one for blogging or vlogging.

 

Anyway, I currently work remotely as a travel blogger and author.  I published my very first book on 17 October 2016, exactly on my B'day. Recently, I contributed with other authors for short stories collections book named "Doo Thi Ya Myout Dat Ta Gan" for Kyaw Soe Publisher and released in March'20. I am also freelance Master of Ceremony and have experiences over 200 events. I thought like being blogger is quite hard to earn for living before, especially in Myanmar. Most people exactly think like that. Some might also think I'm crazy for quitting my job to travel. Thanks God, I made it all happen! Today I am a successful full time travel blogger.

I wrote religious stories for Christian children in my teenage, short love stories, music review, celebrities interviews and life-style tips in local magazines, journals and newspapers. I am still writing travel articles in local newspapers "Myanma Alinn" and "The Global New Light of Myanmar" in English, travel magazines and in-flight magazines under the pen name Thiha Lu Lin. I have been featured in the list of “Top 10 Travel Bloggers” on The Myanmar Times in 2018 and also ranked sixth on The Myanmar Times “Top 10: Bloggers” list in 2019. Also, I've been featured in the list of “7 Must Follow Travel Bloggers” on We Media in 2018.

I always write my travel articles, blogs and itineraries based on my true experiences. Sometimes it is really hard to manage as I travelled by getting invited for press trips mostly. So I have to stay more by my own or struggle to go enough within time frame. But I love my final outcomes after all.

Icon
25.jpg

Infographic

2012

Started Blogging

2016

Started Travelling Life

24

Countries Travelled

02

Books Published

Frequently Asked Questions

ခဏ ခဏ အမေးခံရတဲ့ မေးခွန်းများ

  • ပြည်တွင်းရော ပြည်ပရော ခရီးတွေ မကြာခဏထွက်နိုင်ဖို့ ဘယ်လိုလုပ်ခဲ့တာလဲ?
    ကျွန်တော်က ချမ်းသာတဲ့ မိသားစုက ကြီးပြင်းလာသူမဟုတ်တဲ့အပြင် လုပ်ခဲ့သမျှ ကုမ္ပဏီဝန်ထမ်းဘဝတွေကလည်း ကြိုးစားသလောက် လစာထိုက်ထိုက်တန်တန် မရခဲ့တာ များပါတယ်။ ဘုရားကျေးဇူးတော် သက်သက်ကြောင့်ပဲ ခုလို ကမ္ဘာအနှံ့ ခရီးတွေ ထွက်ခွင့်ရနေတာပါ။ ကျွန်တော် ခရီးသွား စာတွေ စ ရေးချိန်တုန်းကလည်း ခုလို ကမ္ဘာအနှံ့ ခရီးထွက်ခွင့်တွေ ရနိုင်မဲ့ အခွင့်အရေး ရလာမယ်လို့ မထင်မိခဲ့ပါဘူး။ ဝါသနာအရ ရေးခဲ့တာပဲ ရှိပါတယ်။ မှတ်မှတ်ရရ Facebook ပေါ်မှာ ခရီးသွားစာတွေ စရေးပြီး တစ်နှစ်လောက်အတွင်း သေချာတောင် ပုံမှန် မရေးနိုင်သေးချိန် Emirates လေကြောင်းလိုင်း ရဲ့ ဒူဘိုင်းခရီးစဉ် ဖိတ်ကြားမှုကို စပြီး ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် အခကြေးငွေနဲ့ ကြော်ငြာတွေ၊ ပြည်တွင်းပြည်ပ ခရီးစဉ်ဖိတ်ကြားမှုတွေ စတင် ရရှိလာတော့တာပါပဲ။ ပထမဆုံးဝင်ငွေရခဲ့တဲ့ ကြော်ငြာကို သေချာမမှတ်ထားမိခဲ့တာတော့ ခုလို ပြန်ပြောပြချိန်မှာ နောင်တ အတော်ရပါတယ်။ ဘုရားရှင်ရဲ့ ကျေးဇူးတော်ရယ်၊ ကိုယ်လုပ်တဲ့အလုပ်ပေါ် မြတ်နိုးစေတနာထားမှုရဲ့ အကျိုးကျေးဇူးရယ်ကြောင့် ကမ္ဘာအနှံ့ ခရီးတွေကို ကိုယ့်ရဲ့ ငွေကြေးကုန်ကျမှုမရှိဘဲ ထွက်ခွင့် ရခဲ့တာလို့ ဆိုချင်ပါတယ်။
  • ခရီးထွက်တဲ့အခါ ဘယ်ပစ္စည်းတွေကို အထောက်အကူအနေနဲ့ ယူသွားတတ်လဲ?
    ကျွန်တော့်အတွက် အရေးကြီးတာကတော့ ကင်မရာ ပေါ့။ ကင်မရာကို အကြီးအငယ် မျိုးစုံ သုံးရတယ်။ လက်ရှိတော့ SONY A7M2 ကိုပဲ Lens နှစ်ခုနဲ့ သုံးနေတယ်။ တစ်ခုက 85mm၊ နောက်တစ်ခုက 16-35mm ပါ။ Samsung Galaxy Note 10+ ကင်မရာကလည်း အတော် အလုပ်ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့်မှာ Yi Action Cam လေးတစ်လုံးလည်း ရှိသေးတယ်။ သူ့ကိုတော့ ရေအောက်ရိုက်ဖို့လောက်ပဲ သုံးဖြစ်တာ။ အရင်က DJI Spark Drone လေး ရှိခဲ့သေးတယ်။ အဲ့လိုပဲ ရိုက်ရင်း လေထဲမှာ ပျောက်သွားရှာတာ။ ကျန်တာကတော့ တစ်ကိုယ်ရည်အသုံးအဆောင်တွေပါပဲ။ ခရီးစဉ်မှတ်တမ်းတွေကို ကျွန်တော်က ဖုန်းထဲမှာ မသွားခင်ကတည်းက Notes နဲ့ မှတ်ထားဖြစ်တယ်။ သွားရင်းဖတ်ရင်းမှတ်ရင်း ပေါ့။
  • Blog ကို လူသိအောင် ဘယ်လိုကြော်ငြာလဲ?
    တကယ့် Blog ကတော့ လူဝင်ကြည့်တာ နည်းခဲ့တယ်။ ကျွန်တော်ရေးတာ မြန်မာလိုများတော့ မြန်မာတွေကလည်း Social Media မှာပဲ ဖတ်ကြတာများတယ်။ ဟို Link ဝင် ဒီ Link ဝင်တွေ သိပ်မကြိုက်ကြဘူး။ နောက်ပြဿနာတစ်ခုက ဇော်ဂျီဖောင့် နဲ့ ယူနီကုတ်ဖောင့် ပြဿနာ။ ကျွန်တော့် Website က ယူနီကုတ် သုံးတာဆိုတော့ ဇော်ဂျီသမားတွေက ဖတ်လို့ မရကြဘူး။ နိုင်ငံခြားခရီးသွားတွေအတွက်ကျတော့ ကျွန်တော်က မြန်မာပြည်အကြောင်းပဲ အင်္ဂလိပ်လိုရေးတာများတော့ ဒီကို လာလည်ချင်သူတွေပဲ ဖတ်လောက်မှာပေါ့လေ။ အဲ့ဒီတော့ နိုင်ငံခြားသားတွေ ဖတ်တာလည်း နည်းတယ် ပြောရမယ်။ Facebook page ကတော့ လူသိပိုများပါတယ်။ စလုပ်ခါစတုန်းကတော့ မလုပ်တတ်မကိုင်တတ်နဲ့ Boost ရင် Follower တက်တယ်ထင်ပြီး လျှောက်လုပ်ကြည့်ဖူးတယ်။ Boost တဲ့အချိန် တက်တယ်၊ မ Boost တာနဲ့ လုံးဝ ကျသွားတော့တာ။ ပြီးတော့ ဘယ်က လူတွေမှန်းမသိ ရောက်လာတာများတယ်။ ကိုယ့်ကို တကယ်အားပေးသူ ဟုတ်ချင်မှ ဟုတ်မယ်ဆိုတော့ နောက်ပိုင်း အဲ့ဒီနည်းကို မကြိုက်တော့ဘူး။ ရှက်လာတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး လုံးဝ မ Boost ပဲ၊ content ကိုပဲ ကောင်းအောင် ကြိုးစား ခဲ့ပါတယ်။ တကယ်လည်း Follower တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်လာနိုင်ပြီး ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို တကယ်နှစ်သက်သူတွေပဲ ရောက်လာတော့တယ်။ ပြီးတော့ အခြားသော သတင်းမီဒီယာတွေမှာ အင်တာဗျူးတွေ ပါဝင်မှုကလည်း များစွာ အထောက်အပံ့ ရပါတယ်။ ကျွန်တော့်ရဲ့ ခရီးသွားစာတွေကို ခွင့်ပြုချက်တောင်းခံ ဖော်ပြခဲ့တဲ့ မြန်မာ့အလင်း သတင်းစာ အပါအဝင် မဂ္ဂဇင်းအင်တာဗျူးတွေ၊ MRTV-4 ရဲ့ ခရီးသွားအင်တာဗျူး အစီအစဉ်တွေ အပါအဝင် သတင်းမီဒီယာများရဲ့ အစီအစဉ်တွေမှာ ပါဝင်မှုတွေက Follower အတော်လေး တိုးပွားသွားစေပါတယ်။
  • Travel Blogger အလုပ်ကို ခြေစုံပစ် ဝင်လုပ်သင့်သလား?
    အမယ်လေး ရူးရူးမိုက်မိုက် တန်းတော့ ခုန်မဝင်လာခဲ့ပါနဲ့ဦး။ အရာရာ အခြေခိုင်ပါစေဦးလေ။ ပုံမှန်ဝင်ငွေ ရနေတဲ့ တခြားအလုပ်ကောင်းလေး ရှိနေရင် တွဲလုပ်ပါလို့ အကြံပြုပါရစေ။ ခြေစုံပစ်ပြီး ဒီအလုပ်ကို မှီခို စားသောက်ဖို့ကတော့ ကျွန်တော်တို့ နိုင်ငံအတွက်တော့ မလွယ်ကူလှသေးပါဘူး။ နိုင်ငံတကာ Blogger ပုံစံနဲ့ English Content တွေ ကောင်းကောင်း ဖန်တီးနိုင်ရင်တော့ အများကြီး မျှော်လင့်ချက်ရှိပါတယ်။ မြန်မာနိုင်ငံကိုပဲ အဓိက Target ထားမယ်ဆိုရင်တော့ တခြား ပုံမှန်ဝင်ငွေရှိမယ့် အလုပ်တစ်ခုခုနဲ့ တွဲဖက်လုပ်ဆောင်တာက ရေရှည်အတွက် ပိုကောင်းပါလိမ့်မယ်။
  • Travel Blogger ဖြစ်ချင်လို့ပါ။ ဘယ်ကနေ စလုပ်ရမလဲ?
    ကျွန်တော် ရေးသားထားဖူးတဲ့ Travel Blogger လုပ်ဖို့ စဉ်းစားနေပြီဆိုရင် ဖတ်ဖို့…. ဆိုတဲ့. စာလေးကို အရင်ဖတ်ရှုပြီး အခြေခံ အချက်လေးတွေကို လေ့လာနိုင်ပါတယ်။
  • အခု ဒီ Blogging အလုပ်ကနေ ပိုက်ဆံ ရနေပြီလား?
    ဟုတ်ကဲ့။ အမှန်အတိုင်း ဝန်ခံရရင် ကြော်ငြာတွေလက်ခံရရှိပြီး ဝင်ငွေ ရရှိပါတယ်။ ဒါပေမဲ့ သက်တမ်း ၅ နှစ်တာမှာ ပြီးခဲ့တဲ့ ၂ နှစ်ကမှ စတင်ပြီး ငွေဝင်ခဲ့တာပါ။ ဒါပေမဲ့ ပုံမှန်ဝင်ငွေဆိုတာမျိုး မဟုတ်နိုင်သေးပါဘူး။ နည်းလိုက် များလိုက် နဲ့ ရုန်းကန်နေရဆဲပါပဲ။ ရသမျှငွေတွေဟာလည်း နောက်ထပ် ပြည်တွင်း ပြည်ပ ခရီးစဉ်တွေမှာ ပြန်လည် ရင်းနှီးရတာတွေနဲ့ လောက်ငှတယ် မရှိပါဘူး။ ကိုယ်တိုင်ကလည်း လက်ဖွာလို့လည်း ဖြစ်ပါလိမ့်မယ်။ ဝင်ငွေပုံမှန်မရှိနေပေမဲ့ နိုင်ငံများစွာ၊ နေရာများစွာ ရောက်ရှိလည်ပတ်ရတာတော့ လူ့လောကမှာ အသက်ရှင်တုန်း အမြတ်တစ်ခုလို့ ခံယူထားပါတယ်။
  • Travel Blogger ဖြစ်ဖို့ ဘယ်လို ပညာရပ်တွေ လေ့လာထားသင့်သလဲ?
    နည်းပညာနောက် မျက်ခြေမပြတ်ဖို့က အဓိက လိုအပ်ချက်ပါ။ စာအရေးအသား အသင့်အတင့် ရှိပြီး စာဖတ်အား ကောင်းရင်တော့ အကောင်းဆုံးအနေအထားဖြစ်ပါတယ်။ ဓါတ်ပုံပညာအခြေခံ သိထားသင့်ပြီး ဗီဒီယိုရိုက်ကူးမှု ကိုလည်း လေ့လာတတ်မြောက်ထားရင် ပိုကောင်းပါတယ်။ ဓါတ်ပုံ နဲ့ ဗီဒီယိုတွေ တည်းဖြတ်ခြင်း အတတ်ပညာတွေ ကိုလည်း သိထားသင့်ပြီး၊ SEO (Search Engine Optimization) ပိုင်းဆိုင်ရာကို နားလည်သိတတ်ထားရင် ပိုပြီး တိုးတက်မြန်ဆန်ပါတယ်။ ကျွန်တော်ဆို အဲ့ဒီအပိုင်းတွေမှာ ဘယ်အပိုင်းမှသာ ထူးထူးချွန်ချွန်မရှိလှတာ အကုန်လုံး လုပ်ဆောင်နိုင်တဲ့ အနေအထားရှိပါတယ်။ စာဖတ်တာကတော့ ကလေးဘဝထဲက ဝါသနာဖြစ်သလို Graphic Design, Photo Editing, Video & Audio Editing, Website Building နဲ့ Voice-Over စွမ်းရည်တို့က ဆယ်ကျော်သက်အရွယ်ကတည်းက ဒီပလိုမာ ရခဲ့တာ ဖြစ်ပါတယ်။ အခြေခံဓါတ်ပုံပညာ ကိုတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကမှ သင်ကြားတတ်မြောက်ခဲ့တာပါ။
  • ခရီးစဉ်တွေ ဖိတ်ကြားခံရဖို့ ဘယ်လိုတွေ လုပ်ဆောင်ပါသလဲ?
    အခုမှ စတင် Blogging အပိုင်းဝင်လာတဲ့ ညီ၊ ညီမငယ်လေးတွေ အသိချင်ဆုံး မေးခွန်းဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ကတော့ အချိန်ကာလတစ်ခုအကြာ ရင်းနှီးမြုပ်နှံမှုနောက်မှာ လူသိများလာတဲ့အလျောက် မြန်မာနိုင်ငံရဲ့ နာမည်ရ Blogger စာရင်းကို စစ်ထုတ်လိုက်တဲ့အခါ ကိုယ် ပါဝင်နေမှုကြောင့် အများအားဖြင့် ဖိတ်ကြားခံရတာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာက နာမည်ရနေသူတွေထဲ အမျိုးသမီး Travel Blogger ပိုများတဲ့အတွက် ပိုပြီး အခွင့်အရေး ရှိသွားတာလည်း ဖြစ်နိုင်ပါတယ်။ သီးသန့် အားထုတ်မှုမရှိပေမဲ့ Toplist တွေထဲ ဖော်ပြခံရမှုက အလိုလို ဖိတ်ကြားခံရဖို့ နီးစပ်သွားတဲ့ သဘောပါ။ အကြံပြုချက်ပေးပါဆိုရင်တော့ ပိုကြိုးစားပြီး လူသိများအောင် လုပ်ဆောင်ဖို့ပါပဲ။ ခေတ်ဦးကာလ မဟုတ်တော့တဲ့အတွက် အရင်က လူတွေထက်တော့ ခုလက်ရှိ အသစ်ဝင်လာတဲ့ ဝါတူသူတွေကြား ပိုကြိုးစားရမှာတော့ သေချာပါတယ်။
  • ခရီးသွားဖို့ဆိုရင် ဘယ် Tours Companies တွေကို ညွှန်းဆိုချင်သလဲ?
    ကျွန်တော်နဲ့. အလုပ်တွဲလုပ်ဖူးတဲ့ ခရီးသွားလုပ်ငန်း (Travels & Tours) တွေအကုန် ကျွန်တော်ကိုယ်တိုင် စိတ်ကျေနပ်သဘောကျလို့ လက်တွဲ လုပ်ဆောင်ခဲ့ကြတာချည်းပါပဲ။ ကျွန်တော်နဲ့. လက်တွဲ မလုပ်ဆောင်ဘူးခဲ့ပေမဲ့ ဝန်ဆောင်မှုကောင်းတဲ့ ခရီးသွားလုပ်ငန်းတွေ ရှိတာလည်း အများကြီး ကြားဖူးပါတယ်။ ကျွန်တော်နဲ့ လက်တွဲလုပ်ဆောင်ဖူးခဲ့တဲ့ သုခလမ်းညွှန် ၊ Direct GO ၊ Himawari ၊ ET ၊ Gold Trippers ၊ Mogok Ikan တို့ရဲ့ ဝန်ဆောင်မှုတွေကို သဘောကျနှစ်သက်ပါတယ်။
  • ခရီးသွားရင် တစ်ယောက်တည်း သွားလား? ဓါတ်ပုံဗီဒီယို ရိုက်ပေးသူတွေရော ပါလား?
    ပျော်တတ်ပါတယ်။ ခရီးစဉ်အများစုကတော့ ဓါတ်ပုံဗီဒီယို ရိုက်ပေးသူတွေ ပါလေ့ မရှိပါဘူး။ အကြောင်းကတော့ ပညာရှင်တွေကို ခေါ်ဖို့အထိ ဝင်ငွေ မကောင်းခဲ့လို့ပါ။ အခုနောက်ပိုင်းမှာတော့ အခြေတကျ အနည်းငယ် ဖြစ်လာတဲ့အတွက် ဓါတ်ပုံဆရာ၊ ဗီဒီယိုဆရာတွေ တစ်ဦး သို့မဟုတ် နှစ်ဦး ပါဝင်လာပါတယ်။ ခရီးစဉ်တိုင်းတော့ မဟုတ်ပါဘူး။ အတူသွားမယ့် မိတ်ဆွေ သူငယ်ချင်းက ဓါတ်ပုံ ဗီဒီယိုနဲ့ ပတ်သက်လို့ ကိုယ်ပြောသမျှကို လိုက်နာလုပ်ဆောင်ပေးနိုင်မယ့် အရည်အချင်းအနည်းငယ် ရှိရင်တော့ ချွေတာတဲ့အနေနဲ့ ဆရာတွေကို ထပ်မခေါ်တော့ပါဘူး။ ပြည်ပခရီးစဉ်အများစုကတော့ တစ်ယောက်တည်း ပဲ ဖိတ်တာဖြစ်လို့ ကိုယ့်လက်ကိုယ်ခြေ ကိုယ်သာလျှင် Blogger ကိုယ်သာလျှင် Photographer ဘဝနဲ့ပဲ သွားလာ လုပ်ဆောင်ရပါတယ်။
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

FAQ
bottom of page