တစ်နေ့..
အဲ့ဒီ ကပ်ဆိုးကြီး မရှိတော့တဲ့တစ်နေ့...
လွတ်လွတ်လပ်လပ် ခရီးထွက်လို့ရမဲ့တစ်နေ့...
အားလုံး ကျန်းမာလန်းဆန်းနေမဲ့တစ်နေ့...
အဲ့ဒီ တစ်နေ့မှာ သူနဲ့အတူ မြန်မာပြည်ထဲက ကိုယ့်စိတ်ကြိုက် အလှဆုံးနေရာလေး တချို့ကို သွားလည်ပစ်လိုက်မယ်....

ငွေဆောင် က ငှက်ကျွန်းလေးမှာ ပင်လယ်ရဲ့အလှကို သူနဲ့အတူ ခံစားမယ်

အင်းလေး ရဲ့ တမူထူးတဲ့ ခြေလှော်လှေလေးစီးရင်း ကျွန်းမျောစိုက်ခင်းတွေ သူနဲ့အတူ လေ့လာချင်တယ်။

မင်းကွန်းက မြသိန်းတန်ဘုရားလို သိပ်လှတဲ့ အနုလက်ရာတွေကြား သူနဲ့အတူ ဘုရားကပန်းသည်လေးတွေကို ဓာတ်ပုံရိုက်ခိုင်းချင်တယ်။

ချင်းပြည်က လေထန်ကုန်းမှာ ဘာပစ်ချချ အပေါ်ပြန်မြောက်တက်လာတယ်ဆိုတာလေးကို သူနဲ့အတူ စမ်းကြည့်ချင်သေးတယ်။

ထားဝယ်က ဆင်းထောက်ကမ်းခြေမှာ နင်းလိုက်ရင် အိခနဲ နစ်ဝင်သွားတဲ့ ပေါင်ဒါမှုန့်လို သဲလေးတွေပေါ် သူနဲ့အတူ ပြေးကစားချင်တယ်။

လွိုင်ကော် က ထီးပွင့်ကန်နား သစ္စာကန်မှာ သူနဲ့အတူ မခွဲကြေး သစ္စာဆိုချင်တယ်။

ကော့သောင်းက လူသူမနီးတဲ့ ကျွန်းလေးပေါ် မှာ သူနဲ့အတူ မနက်နေထွက်တာ ခံစားချင်တယ်။

စေတီပုထိုးစုံလှတဲ့ စစ်ကိုင်းမြေမှာ သူနဲ့အတူ ဘုရားဖူးချင်တယ်။

ဂျိတ်လက်ကမ်းခြေ မှာ သူနဲ့အတူ ရေငုပ် ငါးကြည့် ရေကူးချင်တယ်။

ကလော က ဂူတွေ ဘုရားတွေဖူးရင်း သူနဲ့အတူ ရာသီဥတုအေးအေးမှာ ကော်ဖီဆိုင်လှလှ ထိုင်ချင်တယ်။

မေမြို့ က ထင်းရှူးတောတွေထဲမှာ သူနဲ့အတူ ထင်းရှူးရနံ့လေး ခံစားရင်း တောလျှောက်ချင်တယ်။

နီးနီးနားနား ပဲခူး သွားပြီး နေ့ချင်းပြန် ခရီးလေး သူနဲ့အတူ ထွက်ချင်တယ်။

ဘားအံ က ဇွဲကပင် ကို စက်ဘီးလေးစီးပြီး သူနဲ့အတူတူ တောင်တက်ချင်တယ်။

ခမ်းနားတဲ့ ရှေးလက်ရာတွေနဲ့ အင်းဝ က ဘုရားနဲ့ ကျောင်းတော်တွေဆီ သူနဲ့အတူ လေ့လာလည်ပတ်ချင်တယ်။

အစားအသောက်ကောင်းတဲ့ ကျိုင်းတုံ က ရှေးလက်ရာကျောင်းတော်တွေကို သူနဲ့အတူ လည်ပတ်စားသောက်ချင်တယ်။

ဘယ်တော့မှ မရိုးတဲ့ ပုဂံမြေက ရေတွက်မကုန်တဲ့ စေတီအဆူဆူတွေကြား သူနဲ့အတူ ပြေးလွှား ကစားချင်တယ်။

မြစ်ကြီးနား က မြစ်ဆုံ မှာ ကချင်ဝတ်စုံလေးတွေငှါးပြီး သူနဲ့အတူ ဝတ်ချင်တယ်။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Comments