top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ကလောနဲ့ဝန်းကျင် နှစ်ညအိပ် သုံးရက်ခရီး ပေါ့ပေါ့ပါးပါး လည်ကြမယ်

Writer's picture: Thiha Lu LinThiha Lu Lin

ကလောမြို့ကို ကျွန်တော် အကြိမ်ကြိမ်ရောက်ဖြစ်တယ်။ ကျွန်တော် သိပ်သဘောကျတဲ့ မြန်မာပြည်ရဲ့ မြို့လေးတွေထဲက တစ်မြို့ကိုး။ ကလောကို ရထားနဲ့က လွဲရင် အဝေးပြေးကားနဲ့ရော၊ ကိုယ်ပိုင်ကားနဲ့ရော၊ လေယာဉ်နဲ့ရောပါ အမျိုးမျိုးသွားခဲ့ပြီးပြီ။ တောလမ်းတွေလျှောက်၊ တောင်တွေတက်၊ တဲထိုးအိပ်တာတွေလည်း လုပ်ဖူးခဲ့ပြီ။ အတော်စုံသလောက်ပေါ့။ သွားတိုင်း စဉ်းစားမိတာက “ငါ ဒီကလောမြို့လေးမှာ သက်တောင့်သက်သာ နားပြီး ပေါ့ပေါ့ပါးပါး ဟိုနားဒီနားလည်တာလောက်ပဲ မလုပ်ဖြစ်သေးပါလား” ဆိုတာပဲ။ တောင်စခန်းမြို့လို့ နာမည်ကြီးတဲ့ ကလောမြို့ဟာ ရာသီတိုင်း အပန်းဖြေလို့ ကောင်းတဲ့ ခရီးသွားမြို့လေး ဖြစ်နေပါပြီ။ ဒီတော့ မိုးတွင်း ပိတ်ရက်လေးရတုန်း ကလောကို အပြေးတက်ပြီး လည်မဲ့ အစီအစဉ်လေးတွေကို စဉ်းစားမိတော့ ကလောမြို့က ကားဝန်ဆောင်မှုပေးတဲ့ ကိုကျော်ကျော် ကို မေးဖြစ်တယ်။ သူက ဝမ်းသာအားရပဲ သူ့ဆီက ကားဝန်ဆောင်မှု အပါအဝင် လည်ပတ်နေထိုင်သွားလာရေးကိစ္စအဝဝ ကို စီစဉ်ပေးနေပြီ၊ ကိုသီဟ လာခဲ့ပါဆိုတော့။ သွားကြည့်မယ် တွေးလိုက်တယ်လေ။

မြင်းမူကုန်းဘက် သွားတဲ့ လမ်းပိုင်း တစ်နေရာမှာ ပန်းနှမ်းများ ပွင့်ချိန်တုန်းကပေါ့.... ခုအချိန်မဟုတ်ပါဝူး...

ကလောဝန်းကျင် ပေါ့ပေါ့ပါးပါး ခရီးစဉ်

ဒီခရီးစဉ်ကို အစအဆုံး တစ်ဦး ကျပ် ၇၅,၀၀၀ နဲ့ ရောင်းတယ်။

ဒီမှာ သူတို့ ဘယ်လို ဝန်ဆောင်မှုတွေ ပါသလဲ အရင်မေးကြည့်တယ်။

  • ရန်ကုန်/မန္တလေး - ကလော အဝေးပြေးကားလက်မှတ် အသွားအပြန်

  • အင်းထဲ လည်ပတ်တဲ့ စက်လှေခ

  • လုံးချင်းအိမ်မှာ နှစ်ညတာ တည်းခိုနေထိုင်ခွင့်

  • ကလော၊ အောင်ပန်း၊ ပင်းတယ၊ အင်းလေး ဝန်းကျင် အလည်အပတ်ပို့ဆောင်ခြင်း

ဒါတွေ ပါဝင်တယ်လို့ ဆိုပါတယ်။


ဆိုတော့ သူတို့ဝန်ဆောင်မှုထဲမှာ ပါတဲ့ ကားလက်မှတ်က ရိုးရိုးအဝေးပြေး ကားလက်မှတ်ဖြစ်နေတာမို့ ကျွန်တော်က VIP 2+1 နဲ့ပဲ လာချင်တယ်။ လိုတဲ့ပိုက်ဆံ ထပ်ပေးမယ် ပြောတော့ လက်ခံပါတယ်။ နောက် ကျွန်တော်နဲ့ လိုက်မဲ့ သူငယ်ချင်းတစ်ယောက်က မော်လမြိုင်က လာရမှာ သူ့ဘာသာသူ လက်မှတ် ဝယ်လာမယ်ဆိုတော့ ငွေ ၁၀,၀၀၀ ကျပ် ပြန်ပေးမယ် ပြောတယ်။ ဒါလည်း ညှိလို့ အဆင်ပြေသွားတယ်။ ကျွန်တော်က လူပျိုကြီးတစ်ပိုင်းဖြစ်လာတော့ ဇီဇာက နည်းနည်းကြောင်လာတယ်ပဲ ထားပါတော့၊ ဟိုတယ်မှာပဲ နေချင်မိပြန်တယ်။ ဒါလည်း သူက စီစဉ်ပေးပါတယ်။ နည်းနည်းတော့ ပိုက်ဆံ ထပ်လိုက်ပေါ့။ အဲ့ဒါနဲ့ Pine Breeze Hotel မှာ စီစဉ်ပေးကြတယ်။ တစ်ခု သဘောကျမိသွားတာက Package လို စီစဉ်ပေးတာ ဖြစ်ပေမဲ့ ကျွန်တော်လုပ်ချင်တာ ဖြစ်ချင်တာကို Customize လုပ်ပေးနိုင်တာလေး သဘောကျတယ်။ အစားအသောက် မပါဝင်လို့ ကိုယ့်ဟာကိုယ် စိတ်ကြိုက်ဝယ်စားနိုင်တာလေးလည်း ပိုသဘောကျတယ်။ မဟုတ်ရင် ကျွန်တော်က သူများကျွေးတဲ့အတိုင်း စားရတာ သိပ်သဘောမကျဘူး၊ ကိုယ်စားချင်တဲ့ဆိုင်လေးမှာမှ သေချာ စားချင်တယ်။

ဘယ်နေရာတွေကို လည်ရမှာလဲ

နှစ်ည အိပ် သုံးရက် ခရီးဆိုတော့ သောကြာနေ့ ကျွန်တော်က ခွင့်ယူပြီး ထွက်ခဲ့လိုက်တယ်။ ကြာသပတေးနေ့ ည ကားစီးလိုက်တော့ သောကြာနေ့ မနက်ကို ကလောမြို့ ရောက်လာတယ်။ အဲ့ဒီနေ့ကစပြီး လည်ဖို့ အစီအစဉ်စတော့တာပဲ။ ပထမရက် ရွာငံဘက်က မိန်းမရဲသခင်မတောင်၊ မြသပိတ်ရေပြာအိုင်၊ တောကျယ်ရေတံခွန် တွေဘက်ကို စပြီး ပို့ပေးတယ်။ အဲ့ဒီကနေ ပင်းတယ ဘက်က ပင်းတယလိုဏ်ဂူ နဲ့ သက်တမ်းရင့်ညောင်ပင်ကြီးတွေ၊ ပုန်းတလုပ်ရေကန်၊ ကုံလုံ ဆရာတော်ဘုရားကြီးကျောင်း တွေ၊ ပြီးတော့ ဓါတ်ပုံရိုက်လို့ သိပ်လှတဲ့ ယူကလစ်တန်း၊ အဲ့ဒီကနေမှ မြင်းမူကုန်း ဘက်ကို လည်ဖို့ ပို့ပေးတယ်။ ဒုတိယရက် ဒီရက်တော့ အင်းလေးဘက် သွားပြီ။ လမ်းမှာ ဘဝသံသရာ ရထားလမ်းကို ဆင်းပြီး ဓါတ်ပုံရိုက်ကြတယ်။ ဟဲဟိုး နတ်ရေကန် ကိုလည်ပြီး အင်းလေးထဲက ဖောင်တော်ဦး ဘုရား၊ အလိုတော်ပေါက်ဘုရား စတဲ့ ဘုရားတွေဖူးတယ်။ ငါးဖယ်ကျောင်း၊ မိုင်းသောက်ရွာ နဲ့ မိုင်းသောက်တံတားတွေဆီလည်း လည်တယ်။ ကြာယက်ကန်းရုံတွေကို လေ့လာကြတယ်။ ပဒေါင်ရွာလည်း သွားလည်ပြီး နာမည်ကြီးနေတဲ့ ဗမာကြောင်အိမ်မှာ ချစ်စရာကြောင်လေးတွေရဲ့ အလေ့အထကို လေ့လာကြတယ်။ တတိယရက် ဒီနေ့ညက ပြန်ရတော့မှာမို့ ကလောမြို့ဝန်းကျင်ပဲ လည်ဖြစ်တော့တယ်။ ကလောဘူတာ မှာ ရိုမန်းတစ်ဆန်ဆန် ဓါတ်ပုံရိုက်ရင်း ရိုကြတယ်။ ရှေးခေတ်အဆောက်အဦးအလှအပတွေနဲ့ ကလောဟိုတယ်ကို ဝင်လေ့လာတယ်။ နှစ်တစ်ရာ သက်တမ်းရှိနေတဲ့ ဘုရားကျောင်းအပါအဝင် ဘုရားကျောင်းတချို့ကို ဝင်ပြီးဖူးမြော် ဓါတ်ပုံရိုက်တယ်။ ရွှေဥမင်လိုဏ်ဂူ နဲ့ နှီးဘုရားတွေ ဖူးတယ်။ တောင်ပေါ် ရှုခင်းသာ ကို တက်ပြီး ချာပါတီလေးနဲ့ ကလောရဲ့သဘာဝအလှကို ခံစားတယ်။ သိမ်တောင်ပေါ်ကနေ ကလောတစ်မြို့လုံး မြင်ရတဲ့ မြင်ကွင်းလေး ခံစားရတယ်။ ဓါတ်ပုံရိုက်လို့ သိပ်လှတဲ့ ကော်ဖီဆိုင်လေးတွေကို လိုက်ပို့ပေးတယ်။ ညနေ ကားဂိတ်ထိကို အေးအေးဆေးဆေး ခေါင်းမစားရဘဲ ကားလေးနဲ့ သွားခဲ့ရတယ်။


ဘယ်သူ့ကို ဆက်သွယ်ရမလဲ။

ရှေ့မှာ ကျွန်တော်ပြောခဲ့သလို၊ ကလောမြို့က ကားဝန်ဆောင်မှုပေးတဲ့ ကိုကျော်ကျော် (ဖုန်း - 09 765 280 559) ကို ဆက်သွယ် စုံစမ်းနိုင်တယ်။ ညှိနှိုင်းနိုင်တယ်။ အနည်းဆုံး လူ (၂) ဦးကနေ စပြီး စီစဉ်ပေးပါတယ်။


အထူးအစီအစဉ်

ဈေးနှုန်းက တစ်ဦးကို ၇၅,၀၀၀ ကျပ် လို့ဆိုပါတယ်။

ဒီကလောခရီးစဉ်ကို ဇွန်လ၊ ဇူလိုင်လ နဲ့ သြဂုတ်လ အတွင်း သွားမယ်ဆိုသူများအတွက် ၁၅% လျှော့ပေးမဲ့ အစီအစဉ်ရှိနေပါတယ်။ ဆိုတော့ ၆၃,၇၅၀ ကျပ် ပဲ ကျသင့်မယ်။

ကျောင်းသားလူငယ်တွေအတွက်က ကျောင်းသားကတ်ပြပြီးတော့ ဘယ်အချိန်အခါမဆို ကြော်ငြာထားတဲ့ ဈေး ၇၅,၀၀၀ ကျပ် ပဲ ထားပေးပါ့မယ် တဲ့ (ဆိုလိုတာက နောက် ဈေးတက်တဲ့အခါမှာလည်း ဈေးမတက်ဘဲ ဒီဈေးနဲ့ပဲ ကျောင်းသားလူငယ်တွေကို ရောင်းပေးမယ်ပေါ့)။ ခုလည်း ၁၅% လျှော့ဈေးကတော့ သူ့သတ်မှတ်အချိန်အတွင်း ရဦးမှာပါ။

ကလောမြို့ဟာ ရာသီမရွေး လှနေတဲ့ မြို့လေး ဖြစ်လို့ သုံးရာသီ တောင်စခန်းမြို့လေး လို့တောင် တင်စားချင်မိပါတယ်။ သွားပြီးသွားလည်း ထပ်ထပ်ပြီး သွားချင်နေတဲ့ မြို့လေးမို့ ကျွန်တော်တော့ နောက်ထပ်လည်း အမြဲရောက်နေဦးမဲ့ မြို့လေးပါပဲဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

 

မြန်မာ့အလှအပတွေကို ရေရှည်ခံစား သွားလာလည်ပတ်နိုင်ဖို့ ခရီးသွားသူ ကျွန်တော်တို့အားလုံး -

  • ကိုယ့်အမှိုက် ကိုယ်တာဝန်ယူပြီး အမှိုက်ပုံးမှာ စနစ်တကျ စွန့်ပစ်ကြပါစို့

  • ပွင့်တဲ့ပန်းနဲ့ ရှင်သန်ဆဲသစ်ပင်တွေကို မခူး၊ မချိုးဖဲ့ဘဲ သူတို့ရှိတဲ့ သဘာဝအလှကို တန်ဖိုးထားကြပါစို့

  • ယဉ်ကျေးမှုအမွေအနှစ်နဲ့ အဖိုးတန်သမိုင်းဝင် အဆောက်အဦးများကို မိမိရဲ့ ပုဂ္ဂလိက တဒင်္ဂသာယာမှုအတွက် ရေးခြစ်မဖျက်ဆီးဘဲ တန်ဖိုးထား ဂရုစိုက်ထိန်းသိမ်းကြပါစို့

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


232 views0 comments

留言


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page