top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Thiha, the Traveller ခရီးသွားစာမျက်နှာ (၇) နှစ်ပြည့် အမှတ်တရ

Writer's picture: Thiha Lu LinThiha Lu Lin

ဒီနေ့လေးကတော့ ကျွန်တော့် ခရီးသွားစာမျက်နှာ "Thiha, the Traveler" ရဲ့ ခရီးသွားအကြောင်းအရာတွေ တင်ဆက်ခဲ့တာ (၇) နှစ်တင်းတင်းပြည့်တဲ့နေ့ပါပဲ။

(၇) နှစ်တောင် ရှိသွားပြီတဲ့... အချိန်ကုန်မြန်ချက်ဆိုတာ မယုံနိုင်အောင်ပါဘဲ...


လွန်ခဲ့တဲ့ ၇ နှစ် (အတိအကျပြောရရင် မတ်လ ၁၂ ရက် စနေနေ့၊ ၂၀၁၆ ခုနှစ်) မှာ Facebook ပေါ်မှာ ကျွန်တော့်ရဲ့ ခရီးသွားစာမျက်နှာကို စတင်ဖန်တီးပြီး ခရီးသွားအကြောင်းအရာတွေကို ရေးသားတင်ပြခဲ့တာပါ။ စဦးပိုင်းနှစ်တွေကတော့ ခရီးသွားစာတွေ၊ ပုံတွေနဲ့ ဖန်တီးတင်ဆက်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ခေတ်ပြောင်းလာတဲ့အတိုင်း ခရီးသွားဗီဒီယိုဖန်တီးမှုကို ပိုပြီး လုပ်ဆောင်လာခဲ့ပါတယ်။

ကျွန်တော် Blog စရေးခဲ့တာက ၂၀၁၂ ခုနှစ်ကပါ။ ၂၀၁၆ မှာတော့ ခရီးသွားစာမျက်နှာကို သီးသန့်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Website ( https://www.thihathetraveller.com ) တစ်ခုကိုလည်း ကိုယ်ပိုင်ဖန်တီးထားခဲ့သလို၊ Travel Vlog တွေအတွက် YouTube Channel ( https://www.youtube.com/thihalulin ) တစ်ခုကိုလည်း တည်ဆောက်ထားခဲ့နိုင်ပါပြီ။



ကျွန်တော် သတ်မှတ်ထားတဲ့ အသက်အရွယ်ရောက်ရင်တော့ ခရီးသွားစာတွေနဲ့ ဗီဒီယိုတွေကို ဆက်မလုပ်တော့ဖို့ စဉ်းစားထားခဲ့ဖူးပါတယ်။ ဝါသနာကို တကယ် ဆီးတားထားနိုင်ပါ့မလားတော့ စောင့်ကြည့်ရမှာပါပဲ။ အခုလည်း အရင်လောက်တော့ ကြိုးစားတင်ဆက်ချင်စိတ် မရှိတော့တာ အမှန်ပါ။ ခေတ်ကာလအရ လူငယ်တွေကလည်း အရမ်းတော်ကြပါတယ်။ ကြိုးစားကြသလို၊ ဖန်တီးမှုအားလည်း ကောင်းကြတယ်။ ကျွန်တော်တို့ အတူတွဲတက်လာကြတဲ့ မိတ်ဆွေတွေ နိုင်ငံရေးပြဿနာတွေနဲ့ ဘာမှ လုပ်ဆောင်လို့ မရတော့တဲ့ ဒီ နှစ်နှစ်တာ ကာလ အတွင်းမှာ ထင်မှတ်မထားလောက်အောင် လူငယ် Blogger/Content Creator တွေ ထွက်ပေါ်လာမှုက ကျွန်တော်တို့ အင်တိုက်အားတိုက် တင်ဆက်နေခဲ့တဲ့ကာလတုန်းကထက် အတော်ကြီးကို အဆပေါင်းများပြားတာကို သိလိုက်ရတယ်။ အဆဲခံ အဆူခံပြီးကို တက်လာကြတဲ့သူတွေမို့လားမသိဘူး၊ ဖန်တီးမှု လေ့လာမှုလေးတွေလည်း ကောင်းကြတာကို သတိပြုလေးစားမိပါတယ်။ ကိုယ်တွေကတော့ အရင်လိုဖိဖိစီးစီးလုပ်ဖို့ ဆန္ဒမရှိတော့တာမို့ သူတို့တွေကိုပဲ စောင့်ကြည့်အားပေးရတော့မှာပါ။ ခရီးသွားစာအုပ်လေးတော့ အမှတ်တရ ထွက်နိုင်ဖို့ ကြိုးစားပါ့မယ်ဗျ။



ဒီ (၇) နှစ်ပြည့်အတွက် ထူးထူးခြားခြားလေးဖြစ်အောင်တော့ စစ်ကိုင်း၊ ဆားတောင် က မေတ္တာရိပ် ဘိုးဘွားရိပ်သာ နဲ့ မိဘမဲ့ဂေဟာ ကို အလှူငွေ (၇) သောင်းကျပ် လှူဒါန်းပါဝင်ဖြစ်ပါတယ်။ ဟိုးကတည်းကနေ ခုထိတိုင်လည်း ကျွန်တော့်ရဲ့ ခရီးသွားစာမျက်နှာထက်က ကြော်ငြာဝင်ငွေတွေရဲ့ ဆယ်ပုံတစ်ပုံ ကို အလှူငွေအဖြစ် ဆက်ကပ်လှူဒါန်းခဲ့တာမို့ ကျွန်တော့်ရဲ့ ခရီးသွားစာဖတ်မိတ်ဆွေအားလုံး နဲ့ အသုံးပြုတဲ့လုပ်ငန်းရှင်တွေအားလုံးလည်း ထပ်တူ ကောင်းကြီးခံစားရမယ်လို့ ယုံကြည်ပါတယ်။

Blogging ခရီးက နောင်ဘယ်လိုဖြစ်မယ်ဆိုတာ ကိုယ်တိုင်လည်း မသိတော့ပေမဲ့ အခုရောက်ရှိနေတဲ့ အတွေ့အကြုံအချိန်ကာလတစ်ခုကိုတော့ တန်ဖိုးထားစွာနဲ့ ကျေးဇူးတင်ပါကြောင်း မှတ်တမ်းပြုပါတယ်ခင်ဗျာ...


Thiha, the Traveller ခရီးသွားစာမျက်နှာ ရဲ့ (၇) နှစ်တာ ကာလအတွင်း အမြဲချစ်ခင်စွာအတူရှိခဲ့ပေးကြတဲ့ Loyal Followers တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ကုမ္ပဏီ/ခရီးသွားလုပ်ငန်း/ဟိုတယ်/ယာဉ်လိုင်း/လေကြောင်း စတဲ့ လုပ်ငန်းအမျိုးမျိုးက အလုပ်ရှင်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ နဲ့ မားကက်တင်းအေဂျင်စီတွေ အားလုံးကို အစဉ်လေးစားကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...


ချစ်ခင်လေးစားစွာဖြင့် သီဟလုလင် (Thiha, the Traveller)

113 views0 comments

Comentários


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page