top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ရန်ကုန်မြို့ က ရှေးဟောင်း ဇောတိရှမ်းဘုရားကျောင်း ဆီ

Writer's picture: Thiha Lu LinThiha Lu Lin
ထူးခြားတာကတော့ ဒီနေရာမှာ နှစ်ပေါင်း ၁၅၀ ကျော် က တည်ဆောက်ထားခဲ့တဲ့ ဇောတိရှမ်းဘုရားကျောင်း တစ်ဆောင် ရှိနေတာပါပဲ။


၉ မိုင်ဟာ ကျွန်တော့် အိမ်နဲ့ အလုပ်ကို သွားတဲ့လမ်းပေါ်ကမို့ နေ့စဉ်လိုလို ဖြတ်သန်းနေရတဲ့နေရာပါ။ ၉ မိုင်က ရှမ်းဘုန်းကြီးကျောင်းနဲ့ နှီးဘုရား ကိုလည်း အမြဲလိုလို မြင်တွေ့ရတယ်။ အထူးသဖြင့် ရှမ်းနှစ်သစ်ကူးပွဲ ရှိတဲ့အခါမျိုးမှာ ပိုပြီးသတိထားမိတဲ့နေရာပေါ့။ နောက်ပိုင်းတော့ Pre-wedding ရိုက်တဲ့သူတွေကြားပါ ခေတ်စားလာတဲ့ ဒီနေရာလေးကို ကျွန်တော် ရောက်ဖြစ်ခဲ့ပါတယ်။


အောင်မြေဘုံသာ ရှမ်းဘုန်းကြီးကျောင်း နဲ့ နှီးဘုရား

နှီးနဲ့ ပြုလုပ်ထားတဲ့ နှီးဘုရားကြီးတစ်ဆူ ကို အောင်မြေဘုံသာ ရှမ်းဘုန်းကြီးကျောင်းအတွင်းမှာ အပူဇော်ခံထားရှိပါတယ်။ ၂၀၀၈ ခုနှစ်က တည်ထားကိုးကွယ်ခဲ့တဲ့ ဒီနှီးဘုရားကြီးဟာ ဉာဏ်တော်အားဖြင့် ၁၈ ပေ မြင့်ပါတယ်။ အောင်မြေဘုံသာ ဘုန်းကြီးကျောင်းရဲ့ အောက်ထပ်မှာတော့ မင်္ဂလာဧည့်ခံပွဲများ ကျင်းပလေ့ရှိပြီး အပေါ်ထပ်မှာတော့ နှီးဘုရားကြီး ကိန်းဝပ်စံပယ်ပါတယ်။ အပေါ်ထပ်ကို တက်သွားပြီး ခန်းမအတွင်းဝင်လိုက်တာနဲ့ ညာဘက်မှာ အလှူခံဌာနကို တွေ့ရပါမယ်။ နှီးဘုရားကြီးနဲ့ ပတ်သက်တဲ့ မှတ်တမ်း ဓါတ်ပုံများကိုလည်း စုံစုံလင်လင် လေ့လာနိုင်ဦးမှာပါ။


နှစ်ပေါင်း ၁၅၀ ကျော် ရှေးဟောင်း ရှမ်းဘုန်းကြီးကျောင်း

ထူးခြားတာကတော့ ဒီနေရာမှာ နှစ်ပေါင်း ၁၅၀ ကျော် က တည်ဆောက်ထားခဲ့တဲ့ ဇောတိရှမ်းဘုရားကျောင်း တစ်ဆောင် ရှိနေတာပါပဲ။ ဆောက်လုပ်ထားတဲ့ ဗိသုကာလက်ရာတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီရှမ်းကျောင်းကြီးက အောင်မြေဘုံသာဘုန်းကြီးကျောင်းရဲ့ နောက်ဘက်ကပ်လျက်လေးမှာ ရှိပါတယ်။ ဘေးမှာရှိတဲ့ စေတီကလည်း သပ္ပါယ်ပါတယ်။ ဓါတ်ပုံရိုက်ဖို့အတွက် နေရာကောင်းတစ်ခုလို ဖြစ်နေလို့ မဂ္ဂဇင်းအတွက်နဲ့ တခြားကြော်ငြာတွေအတွက် လာရောက် ရိုက်ကူးတတ်တာ သတိပြုမိပါတယ်။


ဒီနေရာကို ဘယ်လိုသွားမလဲ

ဒီ နှီးဘုရားကြီး ရှိရာနေရာက ရန်ကုန်၊ မရမ်းကုန်း၊ ကိုးမိုင်၊ ပြည်လမ်းမ ပေါ်မှာပါ။ ဘတ်စ်ကားနဲ့ လာမယ်ဆိုရင် မဟာစည် မှတ်တိုင် ဒါမှမဟုတ် အေဝမ်းမှတ်တိုင် တစ်ခုခုမှာ ဆင်းပြီး လမ်းဆင်းလေ ျှာက်လို့ရပါတယ်။


ဖွင့်ချိန် ပိတ်ချိန်

ဒီနေရာ ကို မနက် ၆ နာရီ ကနေ ည ၇ နာရီခွဲ အထိ ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။



ရှမ်းလူမျိုးတွေရဲ့ ရိုးရာ နဲ့ ယဉ်ကျေးမှုတွေကိုလည်း လေ့လာနိုင်တဲ့နေရာဖြစ်သလို၊ ရှမ်းပွဲအများစုလည်း ကျင်းပလေ့ရှိတဲ့ ဒီနေရာမှာ ဒီလို ရှေးဘုရားကျောင်းကြီး ရှိနေတာ ကျွန်တော် သတိမပြုမိခဲ့ဘူး။ အတော်လေး ခမ်းနားတဲ့ အနုလက်ရာတွေနဲ့ အဆောက်အဦးဟောင်းကြီးကို သဘောကျနေမိလို့ ကျွန်တော့်လို စိတ်ဝင်စားသူတွေလည်း သွားရောက်လည်ပတ် လေ့လာနိုင်ဖို့ ဝေမ ျပေးလိုက်ရပါတယ်ဗျား။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Wai Hlaing

Camera :: SONY A7II with 16-35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

259 views0 comments

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page