top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Airish Plus ဆိုတဲ့ KF-94 Mask

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Sep 11, 2021
  • 2 min read

အာလ်ဖာ၊ ဘီတာ၊ ဂါမာ၊ ဒယ်လ်တာ... ပြီးတော့ လမ်ဒါ ဆိုလား... ခု ပြောနေကြတာလေ။

ကျွန်တော်တို့ဟာ တကယ်ကို လူနေထိုင်မှု ပုံစံသစ်နဲ့ ကျန်းမာအောင် ကြိုးစားရုန်းကန်နေထိုင်ကြရမဲ့ အချိန်ကြီးကို မရောက်ချင်ဘဲ ရောက်လာကြတယ်။ Mask လေးတပ်၊ လက်လေး ဆေးရင်း အေးအေးလူလူ ရှိခဲ့ရာကနေ တစ်ကမ္ဘာလုံး ဝရုန်းသုန်းကားဖြစ်လာရပြန်တော့ ပိုပြီး လေးလေးနက်နက် ပြင်ဆင်လာခဲ့ရပြီ။ Mask တပ်ရတဲ့ ယဉ်ကျေးမှုပုံစံသစ် ဟာ မဖြစ်မနေ ကျွန်တော်တို့ လူမှုဘဝထဲကို ဝင်လာရောပဲ။ Mask ကို ကျန်းမာရေးအရ လုံခြုံမယ့် အရည်အသွေးမျိုး၊ တစ်နေကုန် ဝတ်ဆင်ရခဲ့ရင်လည်း သက်တောင့်သက်သာ ဖြစ်မယ့်ဟာမျိုးကို သေချာ စဉ်းစားရွေးချယ် လာရပါတယ်။


ကြော်ငြာတယ်ပဲပြောပြော ကျွန်တော် Airish Plus ဆိုတဲ့ KF-94 Mask လေးကို အတော် သဘောကျပါတယ်။ ပုံစံဆင်တူလေးတွေ ထိုင်းဘက်က ဝင်တာတွေလည်း ဈေးကွက်ထဲ တွေ့ရပါတယ်။ ဒီ Airish Plus ကတော့ ကိုးရီးယားထုတ် စစ်စစ် ဖြစ်ပါတယ်။ Mask ကို တစ်ခုချင်းစီ သီးသန့် အထုပ်လေးတွေနဲ့ ထုပ်ပိုးထားတော့ ပိုပြီး သေသပ်တဲ့ စိတ်ချရတဲ့သဘော ဆောင်ပါတယ်။ အထုပ် ၂၀ ( Mask အခု ၂၀ ပေါ့လေ) ကို ဗူးကြီးတစ်ဗူး နဲ့ ထုပ်ပိုးထားတာမျိုးပါ။ Korea FDA အပါအဝင် ISO လက်မှတ်တွေ CE လက်မှတ်တွေ ရရှိထားတာမို့လို့ ပိုစိတ်ချတယ်။ ပြီးတော့ မြန်မာပြည်ကိုလည်း တရားဝင်တစ်ဦးတည်း ကိုယ်စားလှယ်နဲ့ တင်သွင်းဖြန့်ချိရောင်းချနေတာမို့ ပိုယုံကြည်ရတယ်လို့ ဆိုချင်ပါတယ်။


ကျွန်တော် ဘာလို့ ကြိုက်လဲဆိုရင် -

ပထမအချက် က - နာနိုနည်းပညာသုံးပြီး လေစစ်လွှာ ၄ ထပ် နဲ့ 3D ပုံစံ ထုတ်ထားလို့၊ ဝ.၄ မိုက်ခရိုမီတာ အရွယ်အစား ကူးစက်ရောဂါပိုးမွှားတွေကို ၉၄% အထက် အကာအကွယ်ပေးနိုင်တယ်။

ဒုတိယအချက် က - ဖက်ရှင်ကျတယ်။ လူမျက်နှာပြင်ပေါ်မှာ ကွက်တိ အဆင်ပြေနေပြီး နှာခေါင်းနဲ့ ကပ်နေတာမျိုး မရှိဘဲ ချောင်ချောင်ချိချိ နဲ့ အသက်ရှူရ ပိုကောင်းတယ်။ နှာခေါင်းပေါ်ကနေ ပြန်လျှောမကျနိုင်ဘူး။ မေး ထိလည်း လုံတယ်။ နားမှာ အကြာကြီး ချိတ်ဆွဲထားရင်လည်း နား မနာစေဘူး။ လေးလေးလံလံ ခံစားရတာမျိုးလည်း မရှိဘူး။

တတိယအချက် က - တခြား အနံ့ဆိုးတွေ ပါ မဝင်ရောက်နိုင်တာပဲ။ အမှိုက်ပုံနား တို့၊ ဆေးလိပ်သောက်နေတဲ့ သူတွေနားတို့ ဆိုရင်တော့ အနံ့ဆိုးတွေက ဝင်မလာတာလေး သဘောကျမိတယ်။


မျက်မှန်သမားတွေဆိုလည်း ရေခိုး မရိုက်နိုင်ဘူး။ ကောင်မလေးတွေ နှုတ်ခမ်းနီ မပျက်ဘူး။ အသက်ရှူရ ကျယ်ဝန်းလို့ သက်တောင့်သက်သာ ဖြစ်တယ်။ ဒါလိုတွေကြောင့် ကျွန်တော် အပြင်သွားတိုင်း ဒီ Airish Plus Mask ကို ပဲ သုံးဖြစ်ပါတယ်။


ဈေးလား? မကြီးပါဘူးဗျ။ သင့်တင့်ရုံပါပဲ။ အထုပ် ၂၀ (အခု ၂၀) ပါ ဗူး တစ်ဗူး ကို ၁၅,၀၀၀ ကျပ် တည်းပဲ ပေးရပါတယ်။ ဆိုတော့ (၁၅,၀၀၀ / ၂၀ ခု = ၇၅၀ ကျပ်)။ ကဲ တစ်ခု မှ ၇၅၀ ကျပ်တည်း ပါပဲ။ အရည်အသွေးစိတ်ချရမှုရယ်၊ သက်တောင့်သက်သာဖြစ်မှုရယ် နဲ့တင် ၇၅၀ က တန်တဲ့ ဈေးနှုန်းလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်ဆို အိမ်အနီးအပါး လူရှင်းရှင်းနေရာလောက်ဆို ရိုးရိုး Mask သုံးတယ်။ လူများမယ့်နေရာ၊ ခပ်ဝေးဝေး နဲ့ တစ်နေကုန်နီးပါး သွားလာနေထိုင် ပြောဆိုရမှာမျိုးဆို Airish Plus Mask သုံးလိုက်တယ်။ ဒီလိုဆိုတော့ ကုန်ကျစရိတ်ကိုလည်း ချွေတာရာ ရောက်တာပေါ့။ ခုကာလက ကျွန်တော်တို့တွေ ဝင်ငွေနည်းတဲ့ ကာလလေနော်။ သုံးနိုင်တဲ့သူတွေကတော့ အချိန်တိုင်း သုံးစွဲနိုင်လောက်တဲ့ အနေအထားမို့ ကျန်းမာရေးအတွက် အမြဲသုံးသင့်တယ်လို့ ဆိုပါရစေ။


Airish Plus က ခု ဂျပန်အိုလံပစ်ပြိုင်ပွဲမှာ အော်ဒါအများဆုံးရခဲ့တာလို့ သိရတယ်။ အာရှတင်မကဘူး ဥရောပ နဲ့ အမေရိကားထိကို တင်ပို့နေတာမို့ တကယ့် ကွာလတီပစ္စည်းပါပဲ။ မှာမဲ့သူတွေအတွက် အခုလောလောဆယ် Pinlon Mall Facebook page မှာ တိုက်ရိုက်မှာလို့ရတယ်။ Page ကို ပုံထဲမှာ ပြပေးထားပါတယ်။ အဲ့ကနေ ဝင်ရောက် ဝယ်ယူနိုင်ပါတယ်။ လက်ကား ပြန်ရောင်းချင်သူတွေအတွက်ကိုလည်း စီစဉ်ပေးသေးတယ်ဆိုတော့ ကိုယ့်ဆိုင်မှာ တင်ရောင်းချင်ရင်လည်း အဲ့မှာပဲ တစ်ခါတည်း မှာလို့ရတာပေါ့လေ။


အားလုံး ကျန်းမာဘေးကင်းပြီး ကပ်ကြီးတွေကို အမြန်ဆုံး ကျော်လွှားနိုင်ပါစေခင်ဗျ

သီဟလုလင် (Thiha, the Traveller)

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page