top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ရှေးဟောင်း သူရဲဥမင်လိုဏ်ဂူ

Writer's picture: Thiha Lu LinThiha Lu Lin

ကျွန်တော်ရဲ့ ကလော-အောင်ပန်း ခရီးစဉ်လေးမှာ စိတ်ဝင်စားစရာကောင်းတဲ့ လူသူကင်းရှင်းပြီး ရှေးဟောင်းဘုရားတွေရှိရာ ထုံးကျောက်လိုဏ်ဂူတစ်ခုကို ခြေဆန့်ဖြစ်ခဲ့တယ်။ ကလောမြို့ကနေ ၁၁ မိုင်လောက်ပဲ ဝေးပြီး အောင်ပန်းမြို့အနီးမှာ ရှိတဲ့နေရာလေးမှာ ရှေးကတည်းက တည်ရှိလာခဲ့တဲ့ လိုဏ်ဂူနဲ့ ဘုရားတွေကို တွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့ နှစ်က ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ခု ရိုက်ကွင်းရှာ လာရောက်ကြည့်ရှုရာကနေ တဖန်ပြန်ပြီး စိတ်ဝင်စားလာကြတယ်လို့ ဆိုရပါမယ်။ လူမှုကွန်ယက်တွေပေါ်ကနေလည်း ထိန်းသိမ်းသူကင်းမဲ့နေတဲ့ ဘုရားများဆိုပြီး တင်တဲ့သူတွေလည်း တင်ကြပါတယ်။ စနစ်တကျ ရှေးဟောင်းလက်ရာအတိုင်း ထိန်းသိမ်းပြုပြင်မှုမျိုးပဲဖြစ်ဖို့တော့ မျှော်လင့်မိပါတယ်။


သူရဲဥမင် ဆိုတာ

သူက သူရဲရွာ အနီးမှာ ရှိတာကြောင့်လည်း ဒီအမည်တွင်တာပါ။ သူရဲရွာ စာလုံးပေါင်းကို ဘုရားပြုပြင်တဲ့အလှူရှင် ကဗျည်းထိုးထားရာမှာ မြင်တွေ့တဲ့အတိုင်း ယူထားတာ ဖြစ်ပါတယ်။ ရှေးဟောင်းသဘာဝဂူ ဖြစ်လို့ အပြင်ဘက်ပိုင်းမှာ ဘုရားဆင်းတုတော်အချို့ နဲ့ စေတီတစ်ဆူကလွဲရင် အတွင်းဘက်မှာ တကယ့်သဘာဝအတိုင်း ကျောက်စက်ပန်းဆွဲတွေနဲ့ စိတ်ဝင်စားစရာ ထုံးကျောက်ဂူအဖြစ် ရှိနေပါတယ်။ နှစ်ပေါင်းရာချီရှိနိုင်တယ်လို့ ခန့်မှန်းရတဲ့ ရှေးလက်ရာ ဗုဒ္ဓဆင်းတုတော်တွေနဲ့ ၂၀၀၅ ကနေ ၂၀၁၀ အတွင်း အသစ်ပြုပြင်ခဲ့တဲ့ ဘုရားဆင်းတုတော်တွေကို တောင်အတက် ဂူအဝနားမှာ အခြားလိုဏ်ဂူတွေလိုပဲ ဖူးမြင်ကြရပါတယ်။ ဂူကို အပြင်က ပတ်ကြည့်ရင်လည်း ချောက်ကမ်းပါးလေးအနားကပ်ပြီးလမ်းလျှောက်လို့ ကြည့်နိုင်သလို အချို့နေရာတွေမှာ တောင်ကမ်းပါးယံက ခွက်ဝင်နေတဲ့နေရာတွေရှိပြီး ဘုရားဆင်းတုတွေ ထည့်သွင်းထားတတ်ပါတယ်။ သဘာဝလိုဏ်ဂူထဲဝင်ဖို့ကတော့ ဂူအတွင်းက ဘုရားတွေကြားထဲကနေ သွားရတာပါ။ ရုတ်တရက်ဆို မမြင်သာလို့ ကျွန်တော်တို့ အတော် ရှာယူလိုက်ရတယ်။ နောက်မှ တောင်ခြားနား တည်ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းက ဆရာတော်တစ်ပါး မိန့်လို့ ဘုရားတွေ ကြားထဲကနေ ဂူအတွင်းကို ဆက်ဝင်ရတယ်ဆိုတာ သိရပါတယ်။


ဂူအတွင်းမှာ ငှက်သတ္တဝါအချို့လည်း ခိုအောင်းနေလို့ တစ်ယောက်တည်းဆိုရင်တော့ ရုတ်တရက်ခြောက်ခြားစရာပါ။ ဂူအတွင်းကို ၁ နာရီလောက် ဝင်ကြည့်တာတောင် အတော်ရှည်တယ်လို့ ဆိုပါတယ်။ အချို့လည်း ဂူအဆုံးထွက်ပေါက်ဟာ ဟင်းခါးပင်ရွာကို ပေါက်တယ်လို့ ပြောပါတယ်။ ပင်းတယ ရွှေဥမင် နဲ့ ဒီ သူရဲဥမင် တို့ဟာ နောင်တော်ဂူ၊ နှမတော်ဂူ လို့ ဆိုကြပါတယ်။ ဘုရားပွဲတော်ရက်ကတော့ တစ်ရက်တည်း ကျင်းပလေ့ရှိပါတယ်။


ဘယ်လိုသွားလဲ

အရောက်အပေါက်နည်းသေးတာမို့ ရုတ်တရက်တော့ လမ်းမသိနိုင်ပါဘူး။ ကလောကနေ အောင်ပန်း - ပင်းတယလမ်းမကြီးအတိုင်းသွားပြီး အောင်ပန်းက အမှိုက်ပုံအကြီးကြီး ကျော်လာရင် နှင်းရွှေရီ ဆီဆိုင် တွေ့ပါမယ်။ အဲ့ဒီဆိုင်ဘေးက မြေလမ်းအတိုင်းဝင်သွားပြီး အတွင်းကို ၁၀ မိနစ်လောက် မောင်းဝင်ရပါတယ်။ ဖြတ်လမ်းရော၊ ရွာထဲဝင်ရတဲ့လမ်းရော ရှိပြီး ကိုယ်နှစ်သက်သလို သွားလာနိုင်ပါတယ်။ ကျွန်တော်တို့လည်း လမ်းမှာတွေ့သမျှ တောင်သူတွေကို မေးရင်းနဲ့ သွားခဲ့ရပါတယ်။ ပွင့်လင်းရာသီတော့ ကားအသေးကနေ အလတ်အထိ ကောင်းကောင်းသွားနိုင်ပါတယ်။ လမ်းလည်းကောင်းတယ်။ မြေသားလမ်းဖြစ်တာမို့ မိုးတွင်းဆိုရင်တော့ ရွှံ့ဖြစ်ပြီး ကားမရုန်းနိုင်မှာတော့ စိုးရပါတယ်။


ကိုယ်တွေ့ သူရဲဥမင်

သတင်းကြားနေတာ ကြာပေမဲ့ ခုမှရောက်ဖူးတဲ့ ကျွန်တော့်အတွက် သူရဲဥမင်ရှိတဲ့တောင်ခြေကို ရောက်တော့ ခြင်္သေ့နှစ်ကောင်နဲ့ ရှေးဟောင်းစောင်းတန်းလေးကို တွေ့ရင်း သဘောကျမိတယ်။ စောင်းတန်းဟောင်းဟောင်းလေးကိုက သဘောကျချင်စရာ စွဲဆောင်နေတယ်။ တောင်ပေါ်အရမ်းတက်ရမလားဆိုပြီး စိတ်ထဲပူမိပေမဲ့ နည်းနည်းလေးတက်လိုက်တာနဲ့ ဂူပေါက်ဝ ရောက်လာတယ်။ ရှေးဟောင်းဘုရားလက်ရာတွေ အများကြီးကို တွေ့လိုက်ရတယ်။ ဂူအတွင်းပိုင်းလေး အနည်းငယ် ဝင်ကြည့်တော့လည်း ဂူပတ်လည်မှာ ဘုရားဆင်းတုတွေ ကြီးငယ်မျိုးစုံ ပုံစံအစုံတွေ့ရဖူးကြရတယ်။ အဲ့ဒီကနေ အတွင်းဘက်ဆက်ဝင်ရင်တော့ သဘာဝအတိုင်း ဖြစ်နေတဲ့ ထုံးကျောက်ဂူကို တွေ့ကြရမှာပါ။


ကျွန်တော်ကို ဒီနေရာကို သွားလည်သင့်သလားလို့ လာမေးရင် ကိုယ်စိတ်ဝင်စားတဲ့ ခရီးသွားပုံစံက ဘယ်လိုမျိုးလဲ လို့ ပြန်ဖြေဖြစ်မယ်။ ဒီနေရာရောက်ပြီး အဲ့လောက်လာပြီးမှ ဒါလေးပဲလား လို့ ပြောတဲ့သူလည်း ရှိနိုင်သလို၊ ဒီလို သဘာဝဆန်တဲ့ ထုံးကျောက်ဂူနဲ့ ရှေးဟောင်းဘုရားလက်ရာတွေက အရမ်းအဖိုးတန်လိုက်တာလို့ မြင်တဲ့သူကလည်း မြင်မှာပဲမို့ ကာယကံရှင်အပေါ်မှာပဲ မူတည်တယ်လို့ ဆိုရပါမယ်။


တစ်ခု သတိပြုစေချင်တာကတော့ ပြုပြင်မယ်ဆိုလည်း ရှေးဟောင်းသုတေသနတို့လို အဖွဲ့အစည်းတွေရဲ့ အကြံဉာဏ်ရယူတာမျိုး၊ အခြားသက်ဆိုင်ရာ ပညာရှင်တွေနဲ့ ရှေးမူမပျက်ပြင်ဆင်တာမျိုးပဲလုပ်စေချင်မိသလို၊ အလည်သွားတဲ့အခါမှာလည်း အမှိုက်ဖွကြောင့် အမြင်မတင့်တယ်တော့မှာ၊ အော်ဟစ်ဆူညံတာကြောင့် ဂူအတွင်းက နေထိုင်တဲ့ သတ္တဝါတွေရဲ့ ပုံမှန်ဖြစ်တည်မှု ဂေဟစနစ်ပျက်ယွင်းမှာတွေ မလိုလားပါဘူး။ ကျွန်တော်တို့ အားလုံး ရေရှည်ထိန်းသိမ်းကြရမှာပါ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Camera: SONY Alpha 7II [A7M2] Lens: 16 – 35 mm Retouch with LR by Thiha Lu Lin

482 views0 comments

コメント


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page