top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

၂၀၁၇ ခုနှစ်မှာ ပြန်လာတဲ့ Australia on the Menu

Writer's picture: Thiha Lu LinThiha Lu Lin

လွန်ခဲ့တဲ့နှစ်တွေတုန်းက ဒီလိုနေ့မှာ ဘာတွေ တင်ခဲ့သလဲ ဆိုတဲ့ Post အဟောင်းတွေကို ပြန်ကြည့်လို့ရတာလေး ဖေ့စ်ဘွတ်မှာ ရှိတာ ကျွန်တော်တော့ သိပ်သဘောကျတယ်။ လွန်ခဲ့တဲ့ နှစ်အတော်များများက ကိုယ်ရေးခဲ့တဲ့ ပေါတောတော အကြောင်းအရာတွေရော၊ လေးလေးနက်နက် အကြောင်းအရာတွေရော၊ အသည်းကွဲတာရော၊ ရည်းစားသစ်ရတာရော အကုန်လုံး ဒီမှာ ပြန်သိရလို့လေ။ တစ်ခါတလေ အဲ့ဒီအကြောင်းအရာတွေထဲကနေ ကိုယ်ပြန်ပြီး စဉ်းစားဆင်ခြင် ပြင်ဆင်သင့်တာလေးတွေ သင်ခန်းစာနဲ့ သင်ရန်စာ တွေ ရလို့ သဘောကျမိတာပါ။

ပြီးခဲ့တဲ့ မေလ (၂၄) ရက်နေ့က အရင်နှစ်ဒီလိုနေ့ ဘာတွေလုပ်ခဲ့သလဲ ပြန်ကြည့်မိတော့ Foodaholic Myanmar ရဲ့ Blogger နှစ်ဦးဖြစ်တဲ့ ကျွန်တော်နဲ့ ဟိန်းဇော် တို့နှစ်ယောက် သြစတြေးလျသံရုံးက ဖိတ်ခဲ့တဲ့ "Australia on the Menu" အခမ်းအနားကို ရောက်ခဲ့တုန်းက အကြောင်းလေး ပြန်သတိထားလိုက်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုရမလားပဲ၊ ဒီနှစ်လည်း သြစတြေးလျသံရုံးက ထပ်ဖိတ်ပြန်တယ်။ "Australia on the Menu 2017" အခမ်းအနားကို Chatrium Hotel မှာ လုပ်မယ်တဲ့။ ဒီတော့လည်း ကျွန်တော်တို့ နှစ်ယောက် ထပ်ရောက်ရပြန်ပါတယ်။ ဘာလို့လည်းဆိုတော့ Foodaholic Myanmar ရဲ့ Admin တွေထဲမှာ အမဲသား အစားဆုံးက ကျွန်တော်တို့ နှစ်ယောက် ဖြစ်နေလို့ပါပဲ။ ဒီလိုပဲ ကျွန်တော်တို့ Foodaholic Admin တွေက ကိုယ့်အကြိုက်နဲ့ကိုယ်ရယ်။ ဆိုပါတော့ ဇွန်ကို နဲ့ ကောင်းကိုကိုကျော် ဆိုရင် ဂျီသားကြိုက်တယ်။ ဖိုးသား နဲ့ သောက်သောက် ဆို ဆိတ်သားကြိုက်တယ်။ အဲလိုပေါ့။

မနှစ်ကတည်းက ကိုယ်တိုင်စား ကိုယ်တိုင်သဘောကျလို့ ရေးတင်ခဲ့တဲ့ သြစတြေးလျအမဲသားနဲ့ သိုးသားတွေဟာ ဒီနှစ်ရော အဲ့ဒီအတိုင်းပဲ ကောင်းနေဦးမလား လာတဲ့လမ်းတစ်လျှောက် တွေးနေမိတယ်။ နေ့လည် ၁၂ နာရီတိတိမှာ အခမ်းအနားစတော့ အစဉ်အလာအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီး စကားတွေဆိုတယ်၊ ရှင်းပြတယ်။ စကားပြောတဲ့သူ တစ်ဦးနဲ့ တစ်ဦးကြားမှာ အစားအစာတွေ မြည်းစမ်းကြည့်ဖို့ ပွဲပြင်ပေးတယ်။ ကျွန်တော့်အထင် ဒီနှစ်အခမ်းအနားကို ဖိတ်ကြားထားသူ နည်းပုံရတယ်။ စားပွဲဝိုင်းပြင်ဆင်ထားတာလည်း နည်းပါတယ်။ ရှေ့ပိုင်းမှာတော့ အရွက်သုပ်နဲ့ ဆော်လမွန်ငါးကင် ကို ခံတွင်းဖွင့်စာအနေနဲ့ ချပေးတယ်။ ခု "Australia on the Menu 2017" မှာ မိတ်ဆက်တဲ့ သြစတြေးလျဝိုင်နီ၊ ဝိုင်ဖြူတွေနဲ့လည်း ဧည့်ခံပါတယ်။

တာဝန်ရှိသူတစ်ဦး ရဲ့ နှုတ်ဆက်စကားနဲ့ ရှင်းလင်းတင်ပြမှု

တကယ့်မင်းသားဟင်းလျာတွေက အခမ်းအနားနောက်ပိုင်းမှ ရောက်လာတာပါ။ Beef Steak နဲ့ Lamb Chop တို့ကို မြည်းစမ်းနိုင်ဖို့ တည်ခင်းပေးပါတယ်။ သြစတြေးလျအမဲသား နဲ့ သိုးသားတွေဟာ အရင်နှစ်တုန်းကလိုပဲ ကျွန်တော်တို့ သဘောကျစရာ ခံတွင်းတွေ့မှုကို ပေးနေတုန်းပါပဲ။ ဟိုတယ် အပြောင်းအလဲမှာ စားဖိုမှုးရဲ့ချက်ပြုတ်ပုံနည်းနည်းကွာတာကလွဲရင် အမဲသား နဲ့ သိုးသားတွေရဲ့ အရည်အသွေးကို ကောင်းကောင်းခံစားနိုင်ပါတယ်။ သိုးသားကို အညှီဖျောက်ပေးထားတာကလည်း စားရသူကို ပိုပြီး ခံတွင်းလိုက်စေတယ်။

အမဲသား၊ သိုးသား ကောင်းတွေကို ပြည်ပကနေ တင်သွင်းပြီး ချက်ပြုတ်ရောင်းချရတဲ့ အဓိက အကြောင်းရင်းက အရသာ ကွာခြားလို့ပါ။ နူးညံ့ပုံနဲ့ အရသာ က နွားနဲ့ သိုးတွေကို မွေးမြူပုံနည်းစနစ်၊ ကျွေးမွေးပုံနည်းစနစ်၊ ဒေသအနေအထားနဲ့ ရာသီဥတုတွေပေါ်မှာ မူတည်ပြီး ကွာခြားသွားပုံရပါတယ်။ ဒါကိုလည်း ရှေ့နှစ်တုန်းက ရေးခဲ့တုန်းကလည်း ကျွန်တော် ပြောပြခဲ့ဖူးသေးတယ်။ သူတို့ရှင်းပြသလောက် မှတ်ထားမိတာက သူတို့ဆီက အမဲသားကို တင်ပို့ရောင်းချတဲ့အခါ တကယ့်အသားစစ်စစ် ကိုပဲ အရောအနှောကင်းကင်းနဲ့ ရောင်းချပေးတာဖြစ်ပြီးတော့ အဟာရဓါတ်တန်ဖိုး အတော်လေးကြွယ်ကြွယ်ဝဝ ပါဝင်ပါတယ်တဲ့။ Zinc, Vitamin B12, Iron, Riboflavin နဲ့ Thiamine ဓါတ်ပေါင်းစုံ မြင့်မြင့်မားမားပါဝင်နေလို့ ကျန်းမာရေးအထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ သြစတြေးလျသိုးသားကလည်း ကိုလက်စထရောနည်းလို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြန်ရော၊ Protein, Mineral နဲ့ Vitamin B အုပ်စုတွေ ပါဝင်တယ်လို့ ထပ်သိရပါတယ်။


ဒီနေ့ "Australia on the Menu 2017" အခမ်းအနားမှာ ခုလို အမဲသားနဲ့ သိုးသားတွေကို မြည်းစမ်းကြည့်စေချင်တာအပြင် ဒီအသားတွေကို ဝယ်ချင်သူတွေ ဝယ်နိုင်ဖို့ ဈေးတွေမှာ ရှိနေပြီဆိုတာရယ်၊ စားသောက်ဆိုင်တွေမှာ စားသုံးရင်လည်း ကံစမ်းမဲအစီအစဉ်တွေ ခံစားနိုင်ပြီဆိုတာရယ်ကို အသိပေးချင်တာလည်း ပါပါတယ်။

ဒီ "Australia on the Menu 2017" အစီအစဉ်ကို ဇွန်လ (၁) ရက်နေ့ကနေ (၃၀) ရက်နေ့အတွင်း အောက်မှာဖော်ပြထားတဲ့ ဆိုင်တွေမှာ ပြုလုပ်သွားမှာ ဖြစ်လို့ သြစတြေးလျအမဲသားနဲ့သိုးသားဟင်းလျာတွေရယ်၊ သြစတြေးလျဝိုင်တွေရယ်ကို မှာယူစားသောက်ပြီး ကံစမ်းကြည့်နိုင်ပါတယ်။

(၁) Bondi at the 10th

(၂) Bondi at Botahtaung (ဒီဆိုင်က ဇွန်လလယ်မှ စဖွင့်မှာ)

(၃) Cafe Caesar

(၄) Chatrium Hotel Royal Lake Yangon

(၅) Eclipse Bar & Restaurant

(၆) Fatman Bar & Restaurant

(၇) Harry's

(၈) Jeff's Kitchen

(၉) Mahlzeit Restaurant

(၁၀) Melia Hotel Yangon

(၁၁) Parami Pizza at Sayar San Rd

(၁၂) Pun Hlaing @ Horizon

(၁၃) Pun Hlaing @ Oasia

(၁၄) Savoy Hotel Yangon

(၁၅) Sky Bistra

(၁၆) Steak Out

(၁၇) The Penthouse

(၁၈) Union Bar & Grill

(၁၉) The West

(၂၀) The Yangon Restaurant

ဘယ်လိုပုံစံ ကံစမ်းရတာလဲဆိုတော့ ဒီဆိုင်တွေမှာ စားသုံးကြတဲ့သူတွေထဲကနေ အပတ်စဉ် ကံထူးရှင် နှစ်ဦးကို ရွေးချယ်ပေးမယ်။ ကံထူးသူတွေက ကျပ် ၅ သောင်းနဲ့ တန်ဖိုးညီမျှတဲ့ သတ်မှတ်ထားတဲ့ဆိုင်တွေမှာ ပြန်လည်စားသုံးနိုင်ခွင့်တွေကို ရရှိမှာတဲ့ဗျာ။ ပြီးရင် နောက်ထပ် ကံထူးရှင်တစ်ဦးစီကို အပတ်စဉ်ရွေးချယ်ပြီး Australis အလှကုန်ခြင်းတောင်းကိုလည်း ပေးအပ်သွားမှာပါ။ ဒါနဲ့မပြီးသေးဘူး။ ဇွန်လအကုန်မှာလည်း တစ်ခါ Grand Prize ဆုရှင် တစ်ဦးကို ရွေးချယ်ဦးမယ်။ ဒီတစ်ခါ ကံထူးရှင်ကတော့ Singapore Airlines နဲ့ သြစတြေးလျကိုသွားလည်နိုင်ဖို့ အသွားအပြန် လေယာဉ်လက်မှတ် ၂ စောင်ကို ကံထူးနိုင်မှာပါတဲ့ဗျာ။

ပုံမှန်လည်း ဒီဆိုင်တွေမှာ စားနေကျဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ စားနေကျနေရာတွေမှာ စားနေကျအစားအစာတွေကို စားရင်းနဲ့ ကံထူးခဲ့ရင် သြစတြေးလျကို ချစ်ခင်ရသူနဲ့လည်လည်သွားဖို့ လေယာဉ်လက်မှတ် ရဦးမှာဆိုတော့... ကျွန်တော်ကတော့ တစ်လလုံး ဒီဆိုင် (၂၀) မှာ လှည့်စားနေမယ်။ ဒါမှ ကိုယ်ကံမထူးခဲ့ရင် ဒီအခမ်းအနားကို နောက်နှစ်တွေကျရင် မတက်တော့ဘူးကွယ်.. အေးရော... အဟက်ဟက်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Kommentare


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page