ဘန်ကောက်ရဲ့ လူစီးများဆုံး Saen Saeb လှေခ ကို ဒီ နိုဝင်ဘာ ၁ ရက်နေ့က စပြီး ဈေးမြှင့်လိုက်တယ်လို့ သိရပါတယ်။
အရင်ကာလတွေတုန်းက မြို့တွင်း အများသုံးလှေစီးခဟာ ၁၀ ဘတ် သာရှိခဲ့ပြီး အခုအချိန်မှာတော့ ၁၂ ဘတ်၊ ၁၄ ဘတ်၊ ၁၆ ဘတ်၊ ၁၈ ဘတ် ကနေ ၂၂ ဘတ်ထိ ခရီးစဉ်အလိုက် ကောက်ယူတဲ့ပုံစံ ပြောင်းလိုက်ပါတယ်။ အဓိကက ဒီဇယ်ဈေးမြင့်လာတာကြောင့်လို့ ဒီ မြို့တွင်းလှေ ပို့ဆောင်ရေးစနစ်ကို လုပ်ဆောင်နေတဲ့ The Family Transport Co က ပြောပါတယ်။
Saen Saeb အများသုံးလှေ ဟာ ဘန်ကောက်ရဲ့ ရုံးဆင်းရုံးတက်ချိန် ကားကြပ် ရထားကြပ်တာကို ရှောင်လိုသူတွေ အားထားအသုံးပြုရတဲ့ ရေလမ်းပို့ဆောင်ရေး ပဲဖြစ်ပါတယ်။ ဘန်ကောက်ရဲ့ မြောင်းတွေကနေ တဆင့် ကူးလူးသွားလာရတာပါ။ မြောင်းတွေမှာ ဖြတ်သန်းသွားလာရတာဖြစ်လို့ အနံ့ပြဿနာရှိပေမယ့်လည်း ကားကြပ်တဲ့ဒုက္ခကို အလွယ်ဆုံးဖြေရှင်းပေးနိုင်သလို မြန်ဆန်စွာနဲ့ လိုရာခရီးကို ဈေးသက်သက်သာသာ ရောက်ရှိနိုင်တဲ့အတွက် အားအထားရဆုံး မြို့တွင်းဆက်သွယ်ရေးစနစ်တစ်ခုပဲ ဖြစ်ပါတယ်။
ကုမ္ပဏီကတော့ ဆီဈေး ကျတာနဲ့ ဈေးနှုန်းတွေ ပြန်ချပေးမယ်လို့ ပြောထားပါတယ်။
Comments