အိပ်မက်အိမ်
- Thiha Lu Lin
- Feb 10, 2017
- 1 min read
Updated: Sep 9, 2020
တစ်ခါတလေ အိပ်မက်ထဲက အိပ်မက်အိမ်လေးက အပြင်မှာ တကယ်ရှိနေတတ်တယ်။
ငယ်ငယ်က တွေးဖူးတယ်။ တောင်ကုန်းလေးပေါ်က ချစ်စရာအိမ်လေး၊ လမ်းဖြူးဖြူးနဲ့ တံတားလေး၊ စိမ်းလန်းတဲ့တောအုပ်လေး၊ တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေး၊ ဒါတွေပါတဲ့ အိပ်မက်အိမ်လေး လိုချင်တယ်လို့။
အသက်အရွယ်ရောက်လာလေ တချို့ကိစ္စတွေ စိတ်ကူးယဉ်သလို လက်တွေ့မဖြစ်နိုင်ဘူးဆိုတာ ဆင်ခြင်မိလာတယ်။
ကော့သောင်းမြို့က မလိဝမ်းရေတံခွန်အဝင်နားလေးရောက်တော့ ငယ်ငယ်က အိပ်မက်အိမ်လေးကို ဖြတ်ခနဲတွေ့လိုက်ရတယ်လေ။
စိတ်ကူးလေးထဲ ခဏခုန်ဆင်းဖို့ ကင်မရာလေးနဲ့ မှတ်တမ်းတင်ထားမိလိုက်တယ်ဆိုရင် မင်းဘာပြောမလဲ။
ဒီနေရာလေးက မြန်မာပြည်ရဲ့ တောင်ဘက်အစွန်းဆုံးအပိုင်းမှာ ရှိနေတဲ့ ကော့သောင်းမြို့ရဲ့ မလိဝမ်းရေတံခွန် ရှိတဲ့ အဝင်ဝလေးမှာ မြင်တွေ့ရတဲ့နေရာလေးပါ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)

Comments