top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၉) | ယေရှုခရစ်တော် ကားတိုင်မတက်မီ ဆုတောင်းခဲ့ရာ ဂေသရှေမန်ဥယျာဉ်

Writer's picture: Thiha Lu LinThiha Lu Lin

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း အပိုင်းဆက်လေးတွေ ရေးသားတင်ဆက်ပေးနေခဲ့တာ အခုဆို အပိုင်း (၉) ရှိလာပါပြီ။ ကျွန်တော်တို့ သံလွင်တောင် ဝန်းကျင် ကို ဆက်ပြီး ခရီးသွားကြတာပေါ့ခင်ဗျ။ Mount of Olives ဆိုတဲ့ သံလွင်တောင်ဟာ ဂျေရုဆလင်မြို့မှာ တည်ရှိတာ ဖြစ်ပါတယ်။ သံလွင်တောင်ဝန်းကျင်မှာ ခရစ်ယာန်ဘုရားဖူးတွေအတွက် လည်ပတ်လေ့လာစရာ ဘုရားကျောင်းတွေ တော်တော်များပါတယ်။ အဲ့ဒီအထဲမှာ သံလွင်တောင်ခြေက ကျမ်းစာအသုံးအနှုန်းအရ ဂေသရှေမန်ဥယျာဉ် (Gethsemane - ဂတ်သ်စဲမနီ) ဟာ ခရစ်ယာန်တွေအတွက် အရေးပါတဲ့ နေရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း ဂျေရုဆလင် ခရီးစဉ်တွေမှာ ဒီနေရာလေးကို အရောက်လာလို့ လည်ပတ်လေ့လာတတ်ကြပါတယ်။

“ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့ သွား၍ဆုတောင်းစဉ်တွင် ဤအရပ်၌ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ…” (မဿဲ ၂၆:၃၆)

The Garden of Gethsemane, Jerusalem
The Garden of Gethsemane (ဂေသရှေမန် ဥယျာဉ်) က ရှေးဟောင်းသံလွင်ပင်ကြီးတွေ

မာတိကာ


Gethsemane ဥယျာဉ် ဘယ်နေရာမှာ ရှိတာလဲ

ဂျေရုဆလင်မြို့ ရဲ့ သံလွင်တောင် (Mount of Olives) အခြေမှာ ရှိနေတာ ဖြစ်ပြီး မြို့ဟောင်းရဲ့ Golden Gate တစ်ဘက်ခြမ်းမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ဥယျာဉ်နဲ့ ကပ်လျက်မှာတော့ The Church of All Nations ဘုရားကျောင်းကြီး တည်ရှိနေပါတယ်။ ရှေ့မှာပြောခဲ့ဖူးတဲ့ မယ်တော်မာရိ ဂူဗိမာန်နဲ့လည်း သိပ်မဝေးသလို နောက်ဘက် တောင်အမြင့်တစ်နေရာက Russian Chruch နဲ့လည်း နီးနေတာကို တွေ့မြင်သတိပြုနိုင်ပါတယ်။

နောက်က ရွှေရောင်တဝင်းဝင်းနဲ့က Russian Chruch ဘုရားကျောင်းဖြစ်ပါတယ်။

နောက်ခံအဖြစ်အပျက်အကြောင်းအရာ

ဒီနေရာဟာ ခရစ်ယာန်တွေအတွက် စိတ်ဝင်စားစရာ နေရာတစ်ခု ဘာကြောင့်ဖြစ်ရသလဲဆိုရင် ယေရှုခရစ်တော်ဟာ ရောမစစ်သားတွေရဲ့ ဖမ်းဆီးခြင်းမခံရမီညက ဒီအရပ်ကို ကြွခဲ့ပြီး အထူးဆုတောင်းခဲ့တဲ့ နေရာဖြစ်လို့ပါပဲ။ ခရစ်တော် ဟာ သူ အသက်စွန့်ရမယ့် အချိန်ကို သိနှင့်ပြီးဖြစ်ပါတယ်။ သူ့ရဲ့ တရားဒေသနာဟောပြောချက်တွေကြောင့် ရှေးရိုးစွဲဘာသာရေးဂိုဏ်းခေါင်းဆောင်တွေ၊ ယဇ်ပုရောဟိတ်တွေဟာ သတ်ပစ်ချင်လောက်အောင်အထိ မုန်းတီးကြပါတယ်။ အဲ့ဒီအတွက် ယေရှုခရစ်တော် ရဲ့ တပည့်တော် ၁၂ ပါးအဝင် ဖြစ်တဲ့ ယုဒရုကာရုတ် ကို သူတပ်မက်တဲ့ ငွေနဲ့မြှားလို့ ပူးပေါင်းစေခဲ့တယ်။ ခရစ်တော်ဟာ လာရောက်ဖမ်းဆီးမယ့်ညဦးချိန်ကတည်းက ဂေသရှေမန်ဥယျာဉ်မှာ အထူးဆုတောင်းခြင်းအမှုကို ၃ ကြိမ်တိုင် ပြုလုပ်ခဲ့ပါတယ်။ ချွေးစက်ဟာ သွေးစက်ပမာထိအောင် ဆုတောင်းမှုပြုခဲ့ပါတယ်။

“ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။ ပြင်းစွာသောဝေဒနာကို ခံလျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်းတော်မူ၏။” (လုကာ ၂၂:၄၃-၄၄)

ဒီ့နောက်မှာ အတူပါလာတဲ့ တပည့်တော်တွေနဲ့အတူ သူ့ကို လာရောက်ခေါ်ဆောင်မယ့်အချိန်ရောက်ပြီလို့ ဆိုပြီး ထွက်ကြွခဲ့တယ်။ အဲ့ဒီမှာတော့ ယုဒရှကာရုတ် ဟာ ဖမ်းဆီးမယ့်သူတွေကို ခေါ်ဆောင်လာခဲ့ပြီး သူနမ်းတဲ့သူဟာ ယေရှုဖြစ်တယ်လို့ ဆိုခဲ့တဲ့အတိုင်း ယေရှုခရစ်တော်ကို မြင်တာနဲ့ နမ်းခဲ့ပါတယ်။ ယေရှုနောက်တော်လိုက်တချို့က အကွယ်အကာပြုပြီး တစ်ဘက်က ယဇ်ပုရောဟိတ်မင်း ကျွန်တစ်ယောက်ကို ဓါးနဲ့ ပိုင်းလိုက်လို့ နားရွက်ပြတ်သွားတဲ့အတွက် ယေရှုက ဟန့်တားခဲ့ပြီး နားရွက်ကိုပြန်ကောင်းစေခဲ့ပါသေးတယ်။

The Golden Gate

The Garden of Gethsemane (ဂေသရှေမန် ဥယျာဉ်)

ရှေးဟောင်းသံလွင်ပင်ကြီးတွေ ရှိတုန်းပဲလို့ ဆိုကြတဲ့ ဂတ်သ်စဲမနီ ဥယျာဉ်ကို ကျွန်တော် ရောက်တုန်းကတော့ သံလွင်သီးပင်တွေကို စိတ်ဝင်စားစရာကောင်းတယ် မထင်မိခဲ့ဘူး။ ခု ပြန်တွေးကြည့်တော့ သေချာလေး မလေ့လာမိခဲ့တာကို နောင်တရသလို ဖြစ်မိပါတယ်။ ဒီ သံလွင်တောင် ရှိရာ တောထဲမှာ ယေရှုခရစ်တော်ဟာ မကြာခဏဆိုသလို တပည့်တော်တွေနဲ့ လာရောက် ဆုတောင်းလေ့ ရှိတတ်ပါတယ်။ အခင်းဖြစ်မယ့်ညမှာတော့ နာရီပေါင်းများစွာကြာအောင် ၃ ကြိမ်တိုင် အထူးဆုတောင်းခဲ့တယ်။ တပည့်တော်တွေကို စောင့်ဖို့မှာခဲ့ပေမဲ့ တပည့်တော်တွေဟာ အိပ်ငိုက်၊ အိပ်ပျော်ဖြစ်ကြလို့ အားမလိုအားမရ ဖြစ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီအတိုင်းကြီး ဒီဥယျာဉ်ကို သွားကြည့်ရင်တော့ သိပ်ထူးထူးခြားခြား မရှိလှပါဘူး။ သမိုင်းအဖြစ်အပျက်နဲ့ ယှဉ်တွဲခံစားမှသာ လည်ပတ်ရောက်ရှိရခြင်းကို စိတ်တိုင်းကျစေမှာ ဖြစ်ပါတယ်။


The Church of All Nations သို့မဟုတ် The Basilica of the Agony

ဂတ်သ်စဲမနီ ဥယျာဉ်ကြီးနဲ့ နံဘေးကပ်လျက်မှာ တည်ရှိတဲ့ The Basilica of the Agony ကို အားလုံးကတော့ အလွယ် The Church of All Nations လို့ပဲ ခေါ်ဆိုကြပါတယ်။ အကြောင်းကတော့ အရင် ဒီနေရာမှာ ရှေးဘုရားကျောင်းဟောင်းကြီး နှစ်ခုတည်ရှိခဲ့ပါတယ်။ ၄ ရာစုမှာ တည်ဆောက်ခဲ့တဲ့ Byzantine Basilica က ၇၄၆ ခုနှစ်မှာ လှုပ်ခဲ့တဲ့ Byan ငလျင်ကြောင့် ပြိုကျသွားခဲ့တယ်။ ၁၂ ရာစုမှာ တည်ဆောက်ခဲ့တဲ့ Crusader Chapel ဟာလည်း ၁၃၄၅ ခုနှစ်မှာ ဖျက်သိမ်းခံခဲ့ရတယ်။ အဲ့ဒီ ဘုရားကျောင်းတွေရဲ့ အုတ်မြစ်ပေါ်မှာ အခု မြင်တွေ့ကြရတဲ့ The Basilica of the Agony ကို ၁၉၁၉ ကနေ ၁၉၂၄ ခုနှစ်တွေအတွင်း ပြန်လည်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တည်ဆောက်ရာမှာ နိုင်ငံပေါင်း ၁၂ နိုင်ငံ က အလှူငွေတွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်လို့ ဒီဘုရားကျောင်းကို The Church of All Nations လို့လည်း အလွယ်ပြောဆိုကြတာ ဖြစ်ပါတယ်။ ဘုရားကျောင်းအတွင်းမှာတော့ ယေရှုခရစ်တော် ပြင်းပြင်းထန်ထန် ဆုတောင်းခဲ့ရာ ကျောက်တုံး (The Rock of Agony) ကို တွေ့မြင်ကြရပါတယ်။ အဲ့ဒီကျောက်ရဲ့အပေါ်မှာတော့ ယေရှုခရစ်တော် ဆုတောင်းနေပုံနဲ့ ကောင်းကင်တမန် က အားပေးနေပုံတွေကို သရုပ်ဖော် ရေးဆွဲထားပါတယ်။


ခရစ်တော်မွေးဖွားကျင်လည်ခဲ့ရာ ဒေသဝန်းကျင်ဆီကို ခရီးသွားလေ့လာရတာဟာ ငြိမ်းချမ်းမှု၊ ဝမ်းနည်းရမှု စတဲ့ ရသအစုံတော့ ခံစားရပါတယ်။ သမိုင်းအဖြစ်အပျက်နဲ့ ယှဉ်တွဲ သိရှိလည်ပတ်တာက ပိုပြီးတော့ ခရီးစဉ်ကို စိတ်ဝင်စားမှု အရှိန်ကောင်းစေပါတယ်။ မဟုတ်ရင် ဘုရားကျောင်းတွေပဲ ပတ်သွားနေတာပဲ ဆိုတဲ့ ခံစားမှုထက် ဘာမှ ထူးစရာ မရှိဘဲ ခံစားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီဒေသဝန်းကျင်က လူတွေဟာ ဖောရွေပြုံးရွှင်မှုလည်း နည်းပါးကြတယ်။ ဘာသိဘာသာပဲ ဖြစ်လို့ ဈေးရောင်းဈေးဝယ်တောင် ပြုံးတာရယ်တာ အတော်နည်းပါးတယ်လို့ မြင်မိပါတယ်။ ဒီတစ်ပတ်တော့ ဒီအကြောင်းအရာလေးတင်ဆက်ရင်း နှုတ်ဆက်ပါတယ်။ နောက်တစ်ပတ်တနင်္ဂနွေမှာ သမ္မာကျမ်းစာ ထဲ က ဘယ်နေရာကို သွားကြမလဲ စောင့်မျှော်ပေးပါခင်ဗျ။


အားလုံးပဲ ကပ်ဆိုးကြီးများဘေးမှ ကင်းဝေးနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page