ဇွန်လလေးကတော့ သစ်ပင်တွေကို ချစ်ရမဲ့ လလေးအဖြစ် ငယ်ငယ်ကတည်းက ကျောင်းတွေမှာ သစ်ပင်စိုက်ခဲ့ရတာကနေ ခုထိ စွဲနေတုန်းပါပဲ။ ခရီးသွားတစ်ယောက်အတွက် သစ်ပင်တွေကို ချစ်ရတာ အများကြီး အဓိပ္ပါယ်ရှိပါတယ်။ ဆရာမဂျူး ရဲ့ စာလေးတစ်ပိုဒ်ကို သဘောကျလို့ ပြန်ပြီးမျှဝေချင်ပါတယ်။
"တကယ်တော့ သစ်ပင်တွေဟာ လူသားတွေကို အသက်ရှင်နေအောင် ကယ်တင်ထားသူတွေပါ။ လူသားတွေအနေနဲ့ ဒီကမ္ဘာကြီးပေါ်မှာ သစ်ပင်တွေနဲ့အတူ ညီညွတ်မျှတစွာ မှီတွယ်နေထိုင်သွားကြရမဲ့အချိန်ကို ရောက်နေပါပြီ။" - ဂျူး (အစိမ်းရောင်အမွေအနှစ်)
Comments