အောင်ပန်းမြို့ က နှင်းရွှေရည် ဟိုတယ် မှာ အဆင့်မြင့်မြင့်အပန်းဖြေ
- Thiha Lu Lin
- Sep 9, 2021
- 1 min read
ကလော နဲ့ အောင်ပန်း ဟာ ခုဆို တစ်မြို့တည်းလို့ ထင်ရလောက်အောင် တဆက်တည်းဖြစ်လု ဖြစ်နေပါပြီ။ ဒါကြောင့် ကလောဘက်ကို အလည်လာရင် အောင်ပန်းမြို့မှာ ဟိုတယ်တည်းရတာလည်း အဆင်ပြေတယ်လို့ ကျွန်တော် က ခံစားရတယ်။ ဟဲဟိုးလေဆိပ်ကနေ ဆင်းလာရင်လည်း အောင်ပန်းက လမ်းသာတယ်။ အောင်ပန်းဟာ ကလောထက် ရာသီဥတု အနည်းငယ် ပြင်းထန်တတ်လို့ ဆောင်းတွင်းဆိုရင် ပိုပြီး အေးမြမှု ခံစားရတယ်လို့ ကျွန်တော် မြင်မိတယ်။ ရှမ်းပြည်ရဲ့ ချမ်းတဲ့အရသာလေး ကို ခံစားရင်း ကလော၊ အောင်ပန်း တစ်ဝိုက်ကို လည်မယ် ဆိုရင် အောင်ပန်းမြို့ မှာ တည်းခိုပြီး လည်ပတ်ကြည့်နိုင်ပါတယ်။

အောင်ပန်း ဘယ်မှာ တည်းကြရမှာလဲ?
အောင်ပန်းမှာ နာမည်ကြီးတဲ့ ဟိုတယ်ကြီးက လက်ချိုးရေလို့ရတယ်။ ခရီးသွားအများစုက ကလောမှာ တည်းကြတာများပေမဲ့ တကယ်တမ်းအောင်ပန်းမှာလည်း တည်းလို့ကောင်းပြီး ဈေးနှုန်းချိုသာတာ သိလိုက်ရတယ်။ အဲ့ဒါက ဟိုတယ် နှင်းရွှေရည်ပါ။ အောင်ပန်း ရဲ့ အထင်ကရ ပြည်ထောင်စုလမ်းမကြီးပေါ်မှာပဲ ရှိပြီး ရုတ်တရက်ကြည့်လိုက်ရင် ရိုးရိုးဟိုတယ် ထင်ရပါတယ်။ ခြံထဲကို ဝင်လိုက်တော့မှ ဘန်ဂလို အမျိုးအစားတွေရော၊ အဆောက်အဦးနဲ့ရော အစုံ ရှိနေတာ သိလိုက်ရတယ်။
ရေကူးကန် နဲ့ ပန်းခြံတွေ ပါတဲ့ Resort ပုံစံ ဟိုတယ်
ရေကူးကန်ကလည်း အတော်သန့်ရှင်းလှပ ပါတယ်။ ရေကူးကန်က တော်တော်ကျယ်ပြီး ဝန်းကျင်အနေအထားကလည်း အဆင်ပြေတယ်။ ကျွန်တော်ဆို ရေကူးကန်ဘေးက အခန်းလေးကို သဘောကျမိတာ။ ပင်လယ်ကမ်းခြေလာသလို ခံစားရမှာပဲဆိုပြီး။ အရမ်းကြီး ဆူညံနေမလားလို့လည်း ပြန်တွေးမိပြန်သေးတာ။ ဒါပေမဲ့ မျက်စိအေးပြီး ရေကူးကန်ပတ်လည်ကို အပင်တွေနဲ့ သေချာ ကာရံထားတာလေး သဘောကျမိတယ်။ ဟိုတယ်ဝန်း ရဲ့ အနောက်ဘက်ခြမ်းမှာ ပန်းခြံလေးရှိပြီး ပန်းရောင်စုံတွေနဲ့ သစ်ပင်အိမ်တွေ၊ ချယ်ရီပင်တွေကို မြင်တွေ့ကြရပါလိမ့်မယ်။ တကယ့်ပန်းခြံအလားပါပဲ။
မနက်စာ ကောင်းတဲ့ ဟိုတယ်ပါ
မနက်စာ ဘူဖေးကို သေချာ ပြင်ဆင်ပေးတာ၊ ဒေသစာလေးတွေရော မြန်မာကြိုက်လေးတွေပါ ထည့်ပေးတာ အဆင်ပြေပါတယ်။ သန့်ရှင်းရေးကိုတော့ အထူးချီးကျူးမိတယ်။ တော်တော်လေး သန့်တာပါ။

ဈေးကြီးလား?
ဈေးအားဖြင့်လည်း အဆင်ပြေတယ်။ Superior က ၃၅၀၀၀ ကျပ် နဲ့ Deluxe Bungalow က ၅၅၀၀၀ ကျပ် ပဲ ဖြစ်ပါတယ်။ ဟိုတယ် နှင်းရွှေရည်မှာ တည်းနေကျ ပုံမှန်ဧည့်သည်တွေက အမြဲသဘောတကျ လာတည်းကြတဲ့ ဟိုတယ်လည်းဖြစ်တာမို့ ကျွန်တော်လည်း သေချာညွှန်းချင်ပါတယ်။ ဒီတစ်ခါ ရှမ်းပြည်တောင်ပိုင်းလည်ရင် အောင်ပန်းက ဟိုတယ်နှင်းရွှေရည် မှာ တည်းကြည့်ပါ။ သေချာ သဘောကျသွားစေရပါမယ်လို့။

လည်ဖို့ပတ်ဖို့အတွက် ခေါင်းမစားရမဲ့ ဟိုတယ်
လည်ပတ်ဖို့အတွက်လည်း လမ်းညွှန်မှုတွေ ပေးနိုင်သလို၊ Trekking နဲ့ Camping အစီအစဉ်တွေကိုလည်း ကိုယ်တိုင်စိတ်ပါဝင်စားစွာ စီစဉ်ဖန်တီးပေးနေတာမို့ ဟိုတယ်မှာပဲ တစ်ခါတည်း ပြီးပြည့်စုံအောင် ခရီးစဉ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။
ဟိုတယ်ကို ဘိုကင်တင်တော့မယ်
ဟိုတယ် နှင်းရွှေရည်မှာ ဘွတ်ကင်ယူမယ် အခန်းစုံစမ်းမယ်ဆိုရင် ဖုန်း ၀၉ ၇၈၀၈၃၂၅၇၅ နဲ့ ၀၉ ၉၆၈၈၈၂၈၀၀ ကို ဆက်သွယ်နိုင်ပါတယ်။

တကယ်တော့ အောင်ပန်းမြို့ နဲ့ အနီးဝန်းကျင်မှာလည်း လည်ပတ်လုပ်ဆောင်စရာတွေ အရမ်းများပါတယ်။ အောင်ပန်းမြို့မှာ သေချာတည်းခိုပြီး လည်ပတ်သင့်တယ်ဆိုတာလေးကို သေချာလည်း ထပ်ပြီး ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Min Hsann, Thiha Lu Lin
Camera :: SONY Alpha 7II with 16 - 35mm Lens
Photos are modified in Lightroom by Thiha Lu Lin.
Comments