top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Thailand e-Visa ကိုယ်တိုင်လျှောက်နည်း အဆင့်ဆင့်

Writer's picture: Thiha Lu LinThiha Lu Lin

ထိုင်းနိုင်ငံ က ၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့က စပြီး တစ်ကမ္ဘာလုံးက အလည်လာမယ့်သူတွေကို e-Visa ပြောင်းလျှောက်ဖို့ စတင်လိုက်ပါပြီ။ အရင်အတိုင်း ဗီဇာကင်းလွတ်ခွင့်ရတဲ့နိုင်ငံတွေကတော့ မလိုအပ်ပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံ လို ဆိုက်ရောက် ၁၄ ရက်နေထိုင်ခွင့်ပဲပေးပြီး ကပ်ကျန်ခဲ့တဲ့ နိုင်ငံအပါအဝင် တချို့နိုင်ငံတွေဟာ ရက်ရှည်နေထိုင်ဖို့အတွက် e-Visa လျှောက်ထားကြရတော့မှာပါ။

e-Visa လျှောက်ထားရာမှာလည်း သိပ်မခက်ခဲလှပေမယ့် စနစ်အသစ်မို့ လုပ်နေမကျသူတွေအတွက် အခက်အခဲရှိနိုင်တာမို့ ဘယ်လို လျှောက်ထားရမလဲ ဆိုတာကို အသေးစိတ် ရှင်းလင်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ပုံတစ်ပုံစီအလိုက် ဆောင်ရန်၊ ရှောင်ရန်တွေက အစ အသေးစိတ်ရှင်းပြပေးထားတာမို့ လိုက်ပါလုပ်ဆောင်ရ လွယ်ကူသွားမယ်လို့ ယုံကြည်ပါတယ်။ ဗီဇာအလွယ်ရရှိပြီး အားလုံး အဆင်ပြေဖို့ မျှော်လင့်ပါတယ်ဗျ။

အရင်ဆုံးတော့ ထိုင်းနိုင်ငံ eVisa လျှောက်ထားရမယ့် Website ---> https://www.thaievisa.go.th/ ကို ဝင်ပြီး အကောင့်သစ် ပြုလုပ်ရပါတယ်။
အရင်ဆုံးတော့ ထိုင်းနိုင်ငံ eVisa လျှောက်ထားရမယ့် Website ---> https://www.thaievisa.go.th/ ကို ဝင်ပြီး အကောင့်သစ် ပြုလုပ်ရပါတယ်။

ဒါကတော့ အကောင့်သစ်ဖွင့်ဖို့ ဖြည့်ရမယ့်ပုံစံကို နမူနာရှင်းပြပေးထားတာပါ။
ဒါကတော့ အကောင့်သစ်ဖွင့်ဖို့ ဖြည့်ရမယ့်ပုံစံကို နမူနာရှင်းပြပေးထားတာပါ။

ဗီဇာလျှောက်ဖို့အတွက် Apply for a new Visa ကိုနှိပ်ရပါမယ်။
ဗီဇာလျှောက်ဖို့အတွက် Apply for a new Visa ကိုနှိပ်ရပါမယ်။

ပေါ်လာတဲ့အတိုင်း လုပ်ဆောင်ရမယ့် အသေးစိတ်ရှင်းပြချက်ပါ
ပေါ်လာတဲ့အတိုင်း လုပ်ဆောင်ရမယ့် အသေးစိတ်ရှင်းပြချက်ပါ

ရွေးချယ်ရမယ့် ပုံစံ ရှင်းလင်းချက်
ရွေးချယ်ရမယ့် ပုံစံ ရှင်းလင်းချက်

ပတ်စပို့စာအုပ်ထဲက ကိုယ်ရေးကိုယ်တာ စာမျက်နှာကို ပုံရိုက်တင်ကြရမှာပါ
ပတ်စပို့စာအုပ်ထဲက ကိုယ်ရေးကိုယ်တာ စာမျက်နှာကို ပုံရိုက်တင်ကြရမှာပါ

အချက်အလက် ကို မှန် မမှန် သေချာစစ်ဆေးပါနော်
အချက်အလက် ကို မှန် မမှန် သေချာစစ်ဆေးပါနော်

ကိုယ့်ရဲ့ နေရပ်လိပ်စာ ဖြည့်ရပါပြီ
ကိုယ့်ရဲ့ နေရပ်လိပ်စာ ဖြည့်ရပါပြီ

ဒီနေရာက အရေးကြီးဆုံးပါ... ဘာမှမဟုတ်တာလေးနဲ့ Reject မဖြစ်အောင် သေချာ ဂရုစိုက်ပါနော်
ဒီနေရာက အရေးကြီးဆုံးပါ... ဘာမှမဟုတ်တာလေးနဲ့ Reject မဖြစ်အောင် သေချာ ဂရုစိုက်ပါနော်

ပတ်စပို့စာအုပ်ပါ အချက်အလက်တွေ ဖြည့်ရမှာမို့ ပတ်စပို့စာအုပ် အနားမှာ ယူထားလိုက်ပါ
ပတ်စပို့စာအုပ်ပါ အချက်အလက်တွေ ဖြည့်ရမှာမို့ ပတ်စပို့စာအုပ် အနားမှာ ယူထားလိုက်ပါ

ပတ်စပို့စာအုပ်ထဲက ကိုယ်ရေးစာမျက်နှာ၊ ကိုယ့်ရဲ့ ပတ်စပို့အရွယ် လူဓါတ်ပုံ၊ အိမ်ထောင်စုစာရင်းတွေ တင်ပေးရပါတယ်... ဒီနေရာမှာ ဖြစ်နိုင်ရင် Bank Statement, Bank စာအုပ် Scanned Copy တွေကိုပါ သန်းခေါင်စာရင်းနဲ့ pdf တစ်ဖိုင်တည်းလုပ်ပြီး တင်ရင် ပိုကောင်းပါတယ်။ ဘဏ်စာရင်းပြဖို့ကို သံရုံးက ရုံးကို လာတဲ့နေ့မှာ တောင်းဆိုတတ်ပါတယ်။ အလည်အပတ်အတွက် ကျပ်သိန်း ၂၀ ခန့်၊ ကျောင်းသားဗီဇာအတွက် ကျပ်သိန်း ၄၀ ခန့်၊  စီးပွားရေးသမားဗီဇာအတွက် ကျပ်သိန်း ၂၀၀ ခန့် ပြပေးဖို့ လိုအပ်နိုင်ပါတယ်...

လေယာဉ်လက်မှတ်ဘိုကင်၊ ဟိုတယ်ဘိုကင်တွေကို ဓါတ်ပုံ သို့မဟုတ် pdf ဖိုင် အသင့်ရှိနေပါစေ
လေယာဉ်လက်မှတ်ဘိုကင်၊ ဟိုတယ်ဘိုကင်တွေကို ဓါတ်ပုံ သို့မဟုတ် pdf ဖိုင် အသင့်ရှိနေပါစေ

Payment ကို လက်ရှိတော့ အမေရိကန်ဒေါ်လာနဲ့ပဲ သံရုံးမှာ သွားသွင်းပေးရပါဦးမယ်။ သတိပြုရမှာက ကြိုတင်ရက်ချိန်းယူဖို့ လိုအပ်တာပါ။
Payment ကို လက်ရှိတော့ အမေရိကန်ဒေါ်လာနဲ့ပဲ သံရုံးမှာ သွားသွင်းပေးရပါဦးမယ်။ သတိပြုရမှာက ကြိုတင်ရက်ချိန်းယူဖို့ လိုအပ်တာပါ။

Non-LA (အလုပ်) ဗီဇာ က လွဲရင် ကျန်တဲ့ ဗီဇာအမျိုးအစားတွေက https://www.thaiconsularyangon.com/evisapay/ ဒီ Website မှာ Booking ကြိုလုပ်ရပါမယ်။
Non-LA (အလုပ်) ဗီဇာ က လွဲရင် ကျန်တဲ့ ဗီဇာအမျိုးအစားတွေက https://www.thaiconsularyangon.com/evisapay/ ဒီ Website မှာ Booking ကြိုလုပ်ရပါမယ်။

အလုပ်လုပ်မယ့်သူတွေ Non-LA ဗီဇာ အတွက်ကတော့တခြား Website တစ်ခုကနေ ကြိုတင် Booking လုပ်ရမှာပါ။ https://www.thaiconsularyangon.com/labour-visa
အလုပ်လုပ်မယ့်သူတွေ Non-LA ဗီဇာ အတွက်ကတော့တခြား Website တစ်ခုကနေ ကြိုတင် Booking လုပ်ရမှာပါ။ https://www.thaiconsularyangon.com/labour-visa

အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေ

သီဟလုလင် | Thiha, the Traveller

.

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

171 views0 comments

Comments

Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page