top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ဘားအံ က ကော့ဂွန်းဂူ နဲ့ ကော့ဂွန်းတောင်

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Sep 29, 2021
  • 2 min read

ကရင်ပြည်နယ် ဘားအံကို ရောက်ရင် သဘာဝဂူတွေ၊ ဘုရားတည်ထားတဲ့ဂူတွေ အမျိုးမျိုးကို လေ့လာဖူးမြော်နိုင်ကြတယ်။ အဲ့ဂူတွေထဲမှာမှ ခရီးလမ်းကြောသင့်လို့ တစ်ဆက်တည်း သွားလေ့ရှိတဲ့ ဂူ (၄) ဂူ က ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ရေဂူ နဲ့ လင်းနို့ဂူ တွေပါ။ သံလွင်မြစ်တစ်ဘက်ကမ်း ကို တံတားနဲ့ဖြတ်ကူးပြီး လည်ကြရတဲ့ ဂူတွေလည်း ဖြစ်ပါတယ်။ ကော့ဂွန်းဂူ ကိုတော့ အရင်ဆုံး လည်တတ်ကြပါတယ်။ ဘားအံ က ကော့ဂွန်းဂူ ကို လည်တော့ အရင်ကဆို အောက်ဘက် ကျောက်နံရံကြီးတွေရယ်၊ ဂူထဲရယ်ပဲ ဝင်ဖြစ်တာ။ နောက်မှ တောင်ပေါ်တက်လို့လည်း ရသေးတယ်ဆိုတာ သိလိုက်ရတယ်။

Hpa-An, Kaw Goon Cave, Karen, Kayin, Myanmar

ကော့ဂွန်းဂူ

ကော့ဂွန်းဂူ ဟာ ကော့ဂွန်းကျေးရွာအနီးက ကော့ဂွန်းတောင်မှာရှိတဲ့ ထုံးကျောက်သဘာဝလိုဏ်ဂူတစ်ခု ပါ။ အလျား ပေ (၁၃၀)၊ အနံ ပေ (၇) နဲ့ အမြင့် (၂၅) ပေ ပဲမို့ တန်သင့်ရုံ အရှည်ပဲရှိပါမယ်။

အနက်ဖော်ထုတ်ရ ခက်ခဲနေဆဲ စာ သုံးကြောင်းနဲ့ ကျောက်စာချပ်လေး

ကော့ဂွန်းဂူကို ကျွန်တော် ပထမတစ်ခေါက်ရောက်တော့ ဒီအောက်ဘက်တကြောပဲ ရှိတယ် ထင်မိခဲ့တာပါ။ မြင့်မားလှတဲ့ ကျောက်နံရံကြီးပေါ်မှာ အုတ်ခွက်ဘုရားအဆူဆူကို သပ္ပါယ်လွန်းစွာ ဖူးမြင်ကြရသလို၊ လိုဏ်ဂူကြီးအတွင်းမှာလည်း အုတ်ခွက်ဘုရားအဆူဆူကို နံရံ၊ မျက်နှာကျက်တွေပေါ်မှာ ဖူးတွေ့ကြရပါတယ်။ အဲ့ကတည်းက မျောက်ကလေးတွေကိုလည်း မြင်မိပေမဲ့ အတော်များများ ရှိနေမယ် မထင်မိခဲ့ဘူး။ အချိန်ကာလရွေ့လျားတိုက်စားလို့ အပျက်အစီးရှိလာတဲ့ အုတ်ခွက်ဘုရားအဆူလေးတွေကို အရင်ကတော့ အလောတကြီး ဘိလပ်မြေနဲ့ ပြန်ကိုင်ပြီး ပြန်ကပ်ဖို့ ကြိုးစားခဲ့ပေမဲ့ မူလနည်းပညာကို မမီနိုင်တာကြောင့် ပြန်လည်ကွာကျနေတာတွေကို မြင်တွေ့ရပါတယ်။ မူလအုတ်ခွက်ဘုရားတွေ စီတဲ့ပညာဟာ အတော် လေးနက်ကြောင်း ပိုနားလည်ခဲ့ရပါတယ်။ ဒီအရပ်ဒီဒေသရဲ့ ဖြစ်တည်မှုကို လေ့လာနိုင်စေမဲ့ ကျောက်စာ၊ မင်စာတွေကိုလည်း မြင်တွေ့ရနိုင်သလို၊ အဲ့ဒီခေတ်ကာလကလို့ ယူဆနိုင်တဲ့ ဆင်းတု၊ ရုပ်တုအမျိုးမျိုးကိုလည်း ထိန်းသိမ်းပြသထားတာကို လေ့လာနိုင်ပါတယ်။ အဲ့ဒီရုပ်တုတွေထဲမှာဆိုရင် ဟိန္ဒူအယူဝါဒဆိုင်ရာ ရုပ်တုတွေလည်း မြင်တွေ့ရတာကြောင့် သမိုင်းလေ့လာလိုသူတွေအတွက် အတော်သဘောကျစရာ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် အနက်ဖော်ထုတ်ရ ခက်ခဲနေဆဲ စာ သုံးကြောင်းနဲ့ ကျောက်စာချပ်လေးကိုလည်း မြင်တွေ့ရပါသေးတယ်။ (၇) ရာစုလောက်က များ ဖြစ်မလားလို့ ယူဆချက်တွေလည်း ကြားသိရပါတယ်။

ဒီကော့ဂွန်းဂူ မှာ မုတ္တမမိဖုရားကြီး ရဲ့ ဝဋ်ကြွေးတွေ ကျေစေဖို့ ဆုတောင်းနဲ့ ထုလုပ်ထားတဲ့ အကြွေးကြေဘုရား ကိုလည်း လူအများ လာရောက်ဆုတောင်းလေ့ရှိပါတယ်။


ကော့ဂွန်းဂူ သမိုင်းအကျဉ်း

သမိုင်းအကြမ်းဖျဉ်းလေး သိရသလောက်ကတော့ မြန်မာသက္ကရာဇ် ၄၂၉ မှာ ပုဂံပြည့်ရှင် အနော်ရထာမင်းဟာ သထုံ ကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ မနူဟာမင်း ဟာ အရေးနိမ့်ပြီး ပုဂံ ကို ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရပါတယ်။ မနူဟာမင်းနဲ့အတူ ပိဋိကတ်တော်တွေ၊ မွန်ပညာရှင်တွေလည်း ပါသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မနူဟာမင်းရဲ့ မိဖုရားတွေထဲက မုတ္တမမိဖုရားကြီး ဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ မုတ္တမမိဖုရားဟာ ဒီ ကော့ဂွန်းဂူ မှာ ပုန်းအောင်းနေရင်း ဂူနံရံတွေမှာ ဆင်းတုရုပ်ပွားတော်တွေ၊ အုတ်ခွက်ဘုရားတွေ ထုလုပ်ကိုးကွယ် ပူဇော်ခဲ့တယ်လို့ ဆိုကြပါတယ်။


ကော့ဂွန်းတောင်ပေါ် တက်ကြမယ်

ကော့ဂွန်းဂူ ဆီ မသွားဘဲ မုခ်ဦးကနေ ဘယ်ဘက်ကို ဝင်လိုက်ရင် လှေကားအမြင့်ကြီးတွေ ဖန်တီးထားတာကို ပြီးခဲ့တဲ့တစ်ခေါက် ပြန်ရောက်တော့မှ သတိပြုမိပါတယ်။ အရင်ကတော့ မြေလမ်းရှိပုံရပြီး အခုတော့ အင်္ဂတေလှေကား တပ်ဆင်လိုက်တယ်လို့ ယူဆမိပါတယ်။ လှေကားဖြစ်လို့ လွယ်လွယ်ကူကူ တက်နိုင်ပေမဲ့ ပိုတော့ ဒူးကို အလုပ်ပိစေပါတယ်။ တက်နိုင်သူများကတော့ တက်ရောက်သင့်ပါတယ်။ အတော်များများက သိပ်မတက်နိုင်ကြပါဘူး။ တကယ်တော့ သိပ်မမြင့်မားလှပါ။ လှေကားတလျှောက် လူတွေနဲ့ ယဉ်ပါးနေပုံရတဲ့ မျောက်လေးတွေ အများအပြားကို တွေ့မြင်ရပါတယ်။ အဲ့ကျတော့မှာ ကော့ဂွန်းဂူမှာ မျောက်လေးတွေ အတော်များများ ရှိနေမှန်း သိခဲ့ရပါတယ်။ အပေါ်မှာတော့ နားနေဆောင်လေးနဲ့အတူ ကျောင်းတစ်ဆောင်၊ စေတီလေးတစ်ဆူ ကို မြင်တွေ့ကြရပါတယ်။ စေတီလေးရှိတဲ့ ထိပ်လေးကနေ ရှုခင်းအတော်လှပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အစပ်နေရာလေးလို့ ဆိုကြတဲ့ နေရာလေးကိုလည်း မြင်တွေ့ကြရသလို၊ မနက်စောစော အားကစားလုပ်ရင်းဖြစ်ဖြစ်၊ သဘာဝရှုခင်းခံစားချင်လို့ပဲဖြစ်ဖြစ် တက်ရောက်လေ့လာ ဘုရားဖူးနိုင်တဲ့နေရာတစ်ခုပါ။


ကော့ဂွန်းဂူ နဲ့ တောင် ဆီ အလည်သွားရတာဟာ အရသာ (၅) မျိုး တပြိုင်နက်ခံစားနိုင်စေတယ်လို့ ဆိုနိုင်ပါတယ်။

  • သဘာဝထုံးကျောက်လိုဏ်ဂူကြီး ကို မြင်တွေ့လေ့လာနိုင်တယ်။

  • ရှေးဟောင်းသမိုင်းအမွေအနှစ်တွေ ထိန်းသိမ်းထားမှုကို အံ့မခန်းလေ့လာနိုင်တယ်။

  • ဘုရားဖူးခွင့်ရတယ်။

  • ပတ်ဝန်းကျင်သဘာဝရှုခင်းကို တောင်ပေါ်ကနေ ခံစားနိုင်တယ်။

  • တောင်ပေါ်တက်တဲ့အခါ ကိုယ်ခန္ဓာကြံ့ခိုင်ဖို့ ကျန်းမာရေးလေ့ကျင့်ခန်းဖြစ်စေတယ်။

ဒါကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့ကို ရောက်ရင်တော့ ဘားအံကနေ ၈ မိုင်လောက်ပဲ ဝေးတဲ့ ကော့ဂွန်းဂူ ကို မဖြစ်မနေ သွားရောက်လေ့လာဘုရားဖူးပါလို့ တိုက်တွန်းချင်ပါတယ်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Shein Htet

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page