top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ဂျပန်နိုင်ငံ က Kukurizaru ရောင်စုံဘောလုံးလေးတွေနဲ့ Kongoji Temple

ဂျပန်လူမျိုးတွေရဲ့ စွဲလန်းသက်ဝင်မှုဟာလည်း တစ်မျိုး ထူးခြားတယ်ဗျ။ ဂျပန်နိုင်ငံ ကျိုတိုမြို့ဝန်းကျင်မှာ ဘုရားကျောင်းဆောင် (Temple) ပေါင်း ၃၀၀၀ ကျော် ရှိပါတယ်။ အဲ့ဒီ ထောင်ပေါင်းများစွာသော ဘုရားကျောင်းဆောင်တွေမှာ တစ်ခုနဲ့တစ်ခု မတူညီတဲ့ ဖွဲ့စည်းပုံ၊ ယုံကြည်ကိုးကွယ်မှုအလေ့အထပုံစံတွေ အမျိုးမျိုးကွဲပြားတာကိုက တစ်ခုပြီးတစ်ခု လေ့လာချင်စိတ်ပေါက်အောင် စွဲဆောင်နေမှုပါပဲ။ ကျိုတိုမြို့ကိုရောက်လို့ ထူးထူးခြားခြား သက်ဝင်မှုရှိကြတဲ့ ဘုရားကျောင်းဆောင်တစ်ခုကို မဖြစ်မနေ ရွေးချယ်ချင်ပြီဆိုရင် ဒီဘုရားကျောင်းဆောင်ကို သွားသင့်တယ်လို့ အကြံပြုချင်ပါတယ်။


Yasaka Koshindo Temple (Kongoji Temple)

ဒီဘုရားကျောင်းဆောင်ရဲ့ ဘွဲ့တော်ကို Yasaka Koshindo လို့ ဆိုကြပေမဲ့ အများစုကတော့ Kongoji Temple ဆိုပြီး သိကြပါတယ်။ အရှည်ကတော့ Daikokusan Kongo-ji Koshin-do ပါ။ ဒီဘုရားကျောင်းဆောင်ကို ကျိုတို ရဲ့ ဟိုက်ဂါရှီယာမာ အရပ်ကို သွားရတွေ့ကြရပါလိမ့်မယ်။ ခက်တာက သိပ်ထင်ထင်ပေါ်ပေါ်မဟုတ်ဘဲ၊ ခပ်သေးသေးလေး ရှိနေတာမို့ မျက်စိလည်ပြီး ကျော်သွားတတ်ပါသေးတယ်။ ခြံဝန်းသေးသေးလေးထဲမှာ ရှိနေတာပါ။ ဒီနေရာကို သူ့အနီးမှာရှိတဲ့ နာမည်ကျော် Kiyomizu dera Temple ကို လာရင်း ဝင်လည်တတ်ကြပါတယ်။ ခရီးသွားအများစုကတော့ ဓါတ်ပုံရိုက်ဖို့ လာကြတာပါ။ ရောင်စုံဘောလုံးပုံစံလေးတွေ ချိတ်ဆွဲထားတဲ့ ဒီနေရာက Instagram မှာ ဓါတ်ပုံတင်လို့ သိပ်လှလို့ပါတဲ့လေ။


ရှေ့မှာ ပြောခဲ့သလို ဂျပန်က ဘုရားကျောင်းဆောင်တွေမှာ သူ့နည်းနဲ့သူ့ဟန် ဝတ်ပြုပုံတွေ ကွာခြားတတ်ပါသေးတယ်။ ဒီမှာဆိုလည်း တမူထူးခြားတဲ့ ဝတ်ပြုပုံရှိနေပြန်ပါတယ်။ ဆုတောင်းဝတ်ပြုသူတွေက သူတို့တောင်းချင်တဲ့ ဆု ကို Kukurizaru လို့ခေါ်တဲ့ ရောင်စုံဘောလုံးလေးတွေမှာ ရေးသားကြပါတယ်။ ပြီးရင် အဲ့ဒီက ချိတ်ရမဲ့နေရာတွေမှာ သွားချိတ်ထားရုံပါပဲ။ Kukurizaru ဆိုတာက ခပ်ဝိုင်းဝိုင်း ဘောလုံးပုံစံနဲ့ဆင်တူတဲ့ ပိတ်နဲ့လုပ်ထားတဲ့ အရာလေးပါ။ ကံကြမ္မာကောင်းတွေ ဆောင်ယူပေးတဲ့ မျောက်လေးတွေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ တစ်လုံးကို ယန်း ၅၀၀ ပေးရပါတယ်။ ကိုယ့်ဆီက အလိုရမ္မက်၊ စည်းစိမ်ချမ်းသာ စတဲ့ တစ်ခုခုကို စွန့်ပြီး ဝတ်ပြုဆုတောင်းခဲ့ရင် ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကြပါတယ်။ နောက်တစ်ခါ ကျန်းမာရေးအတွက် ဆုတောင်းသူတွေက မျောက်ပုံသဏ္ဍာန် ဖန်တီးထားတဲ့ Konnyaku မုန့်တစ်မျိုးမျိုးကို မြောက်အရပ်ကို လှည့်ပြီး စကားမပြောဘဲ တိတ်တဆိတ်စားရင် အနာရောဂါ ကင်းတယ်လို့ ယုံကြည်ကြပါသေးတယ်။ ဒီမှာ ရေပန်းအစားဆုံးကတော့ ချစ်ခြင်းထုံးဖွဲ့ တာပါပဲ။ စုံတွဲလေးတွေ လုပ်ကြတယ်ပေါ့လေ။ ဒါကြောင့်လည်း ဘုရားကျောင်းဆောင်ပရဝုဏ်ထဲ ဝင်လိုက်တာနဲ့ ချစ်စရာလေး ဖြစ်နေတယ်ခံစားရတာနေမယ်။ အရောင်စုံဘောလုံးလေးတွေ ချည်ထားတဲ့ နေရာအနှံ့မှာ ကီမိုနိုလေးတွေ ဝတ်ပြီး လူမျိုးစုံ ဓါတ်ပုံရိုက်နေကြတယ်။ နေရာကျဉ်းပေလို့သာပဲ။ ဒီကိုလာတဲ့ လမ်းတလျှောက်မှာ ကီမိုနီ အငှားဆိုင်လေးတွေလည်း ရှိလို့ ငှားဝတ်ပြီး ဓါတ်ပုံရိုက်နိုင်ပါတယ်။


ကျိုတိုမြို့က တမူကွဲပြားတဲ့ ယုံကြည်သက်ဝင်မှုနဲ့ ဖွဲ့စည်းပုံလေးရှိတဲ့ ဒီ Yasaka Koshindo (Kongoji) Temple ကို တကယ်ဆုတောင်းပြည့်မယ်လို့ ယုံကြည်သက်ဝင်သူတွေရော၊ အပျော်အနေနဲ့ လာရောက်ကြသူတွေရော၊ ဓါတ်ပုံရိုက်ဖို့သက်သက် လာရောက်ကြတဲ့ နိုင်ငံပေါင်းစုံက ခရီးသွားတွေရော အမြဲပြည့်နေတတ်ပေမဲ့ ကျိုတိုအနှံ့လည်ရင်း တမူကွဲပြားတဲ့ ဘုရားကျောင်းဆောင်လေးကို မြင်ဖူးချင်သူတွေအတွက် သွားသင့်တဲ့နေရာလေးအဖြစ် ဖော်ပြပေးချင်ပါတယ်ဗျ။ ကျွန်တော်ကတော့ ဂျပန်ကို အလည်သွားရင် ဂျပန်ခရီးစဉ်တွေကို ပိုင်နိုင်ပြီး ဝန်ဆောင်မှုကောင်း၊ စိတ်ချရတဲ့ Himawari Travels & Tours နဲ့ အမြဲသွားပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးအား မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်များပေါ်တွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thant Sin Aung, Maung Koe, Thiha Lu Lin

Camera :: Samsung Galaxy Note 10+

Photos are modified in Lightroom by Thiha Lu Lin.

145 views0 comments

Comments


bottom of page