top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ဖိလစ်ပိုင် ရဲ့ ထိပ်တန်း ၃ နေရာ ကို ကပ်ကာလကြီးထဲ PPE ဝတ်လို့ လည်နိုင်မယ်

Writer's picture: Thiha Lu LinThiha Lu Lin

ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ သွင်ပြင်လက္ခဏာ၊ အသားအရေ တို့ဟာ မြန်မာနိုင်ငံသားတွေနဲ့ များစွာ ကွာခြားလေ့ မရှိဘူးလို့ ကျွန်တော်နဲ့ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ဒီနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားကို ကြည့်ပြီး ကျွန်တော် ကောက်ချက်ချမိတယ်။ တချို့ဆို ဖိလစ်ပိုင်အမျိုးသားတွေဆို လည်ကတုံး နဲ့ ပုဆိုးလေး ဝတ်လိုက်ရင် ရွှေတိဂုံတက်ဖို့ ဝင်ကြေးပေးကောက်မဲ့သူတွေတောင် ရောသွားနိုင်တဲ့အထိပါပဲ။



ဖိလစ်ပိုင်နိုင်ငံ ဟာလည်း သိပ်လှတဲ့ သဘာဝဝန်းကျင်တွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံပါပဲ။ အပူပိုင်းရာသီဥတုကို ပိုင်ဆိုင်ထားပြီး ကျွန်းပေါင်း ၇၀၀၀ ထောင်ကျော်နဲ့ ကမ္ဘာ့ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နိုင်ငံ တစ်နိုင်ငံပါ။ Forbes မဂ္ဂဇင်း ကတောင် ကိုဗစ်-၁၉ ကပ်ကြီးအပြီး အဓိက ခရီးသွားလာမှု အမြင့်မားဆုံးဖြစ်နိုင်မယ့် (၇) နိုင်ငံ စာရင်းမှာ ထည့်သွင်းဖော်ပြရတဲ့ အထိပါပဲ။ လောလောဆယ်မှာတော့ ဖိလစ်ပိုင်နိုင်ငံဟာလည်း တခြားနိုင်ငံတွေလို ကိုဗစ်-၁၉ ကပ်ကြီးကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်နားထားရတဲ့ အခြေအနေပါ။ မကြာသေးခင်က နိုင်ငံအချို့ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်လို့ လှုပ်ရှားမှုတွေ စတင်နေချိန်မှာ ဖိလစ်ပိုင်နိုင်ငံ ဟာလည်း တင်းကြပ်ထားမှုတွေ ဖြေလျော့ဖို့ လုပ်ဆောင်နေပြီလို့ DOT (Department of Tourism) of the Philippines ဆီက သတင်းရောက်လာခဲ့ပါတယ်။


PPE ဝတ်ပြီး လည်ဖို့ အတွေ့အကြုံသစ်

ထူးထူးခြားခြား သတင်းစကားကတော့ ဖိလစ်ပိုင်နိုင်ငံ ရဲ့ ခရီးသွားလုပ်ငန်းကနေ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ရေး ထိခိုက်မှုနည်းအောင် ပုံစံသစ်နဲ့ ခရီးသွားလည်ပတ်မဲ့ အခြေအနေတွေကို လာရောက်လည်ပတ်သူတွေ မဖြစ်မနေလိုက်နာဆောင်ရွက်ဖို့ စည်းမျဉ်းစည်းကမ်းတွေ ကြေညာချက် ထုတ်ခဲ့ပါတယ်။ ဒီအချက်တွေကတော့ -

  • လာရောက်လည်ပတ်သူတွေဟာ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားပြီးသူတွေ ဖြစ်ရမှာ ဖြစ်ပြီး တရားဝင်ကာကွယ်ဆေးထိုးမှတ်တမ်းကို ပြသရမှာပါ

  • အကယ်လို့ ကာကွယ်ဆေး အကြိမ်ရေပြည့် မထိုးရသေးဘူးဆိုရင် စစ်ဆေးရမှာ ဖြစ်ပြီး Negative အဖြေကို ရရှိရမှာပါ

  • ခရီးသွားလည်ပတ်တဲ့တလျှောက်လုံး ငွေပေးချေမှုတွေကို ဒီဂျစ်တယ်နည်းပညာနဲ့ အသုံးပြုလို့ ပေးချေတဲ့နည်းတွေ အသုံးပြုကြရမှာပါ

  • လာရောက်လည်ပတ်သူခရီးသွားတွေရော၊ ဝန်ဆောင်မှုပေးတဲ့သူတွေရော အားလုံးဟာ PPE (Personal Protective Equipment) တွေကို အချိန်ပြည့် ဝတ်ဆင်ကြရမှာပါ (ကမ်းခြေရေကူးရင်တော့ မလိုအပ်ဘူးလို့ သိရပါတယ်)

  • မလာရောက်ခင် ခရီးသည်ရဲ့ သွားလာလှုပ်ရှားမှုအခြေအနေတွေကိုလည်း သုံးသပ်သွားမှာပါ

  • ရောက်တဲ့နေ့ကနေစလို့ (၁၄) ရက် ကွာရန်တင်းဝင်ဖို့ကို မဖြစ်မနေလုပ်ဆောင်ရမှာပါ


မကြာခင် ပြန်လည်ဖွင့်လှစ်တော့မယ့် ဖိလစ်ပိုင် ရဲ့ ထိပ်တန်းနေရာ (၃) ခု

ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတချို့လိုပဲ ဖိလစ်ပိုင်နိုင်ငံဟာလည်း တဖြေးဖြေးချင်း ဖြေလျော့မှုတွေကို ခရီးသွားလုပ်ငန်းမှာ လုပ်ဆောင်သွားမယ့် သဘောရှိပါတယ်။ ပထမအဆင့်အနေနဲ့ မကြာမီအချိန်အတွင်းမှာ ကမ္ဘာ့ခရီးသွားတွေ အကြိုက်ဆုံး ဖိလစ်ပိုင်က ထိပ်တန်း နေရာ (၃) ခု ကို အရင် ဖွင့်ပါလိမ့်မယ်။ အဲ့ဒီနေရာတွေကတော့ -


Boracay

ဖိလစ်ပိုင်နိုင်ငံ ကို လည်ပတ်ပြီဆိုရင် ကမ်းခြေမှ မပါခဲ့လို့ကတော့ ဖိလစ်ပိုင် ရောက်ဖူးတယ်လို့ ပြောရခက်ပြီပဲ။ Boracay ကျွန်းဟာ ဖိလစ်ပိုင်နိုင်ငံ ရဲ့ ဆွဲဆောင်အားပြင်းတဲ့ လည်ပတ်စရာနေရာတစ်ခုပါ။ ဆုတောင်ရထားတဲ့နေရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကို လာလည်ရင် ပုဂံ ရောက်ဖူးရမယ် ဆိုတာမျိုး ဖိလစ်ပိုင်နိုင်ငံ ကို လာလည်ရင် Boracay ကို ရောက်ဖူးရမယ်။ ကမ္ဘာကျော်တဲ့ အဓိက အကြောင်းရင်းတွေကတော့ ပေါင်ဒါမှုန့်လို ဖြူအိထွေးနေတဲ့ သဲပွင့်လေးတွေရယ်၊ တလက်လက်တောက်ပနေတဲ့ ပင်လယ်ပြာပြာရယ်၊ နွေးထွေးလွန်းတဲ့ နေရောင်ခြည်တွေကြောင့်ပါပဲ။ ဒီကျွန်းလေးရဲ့ လှပမှုကြောင့် အားလုံးက သုခဘုံလို့တောင် တင်စားကြရပါတယ်။ မကြာမီပြန်ဖွင့်ဖို့အတွက်ကိုလည်း ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ နဲ့ တခြားခရီးသွားဝန်ဆောင်မှုနဲ့ ဆက်စပ်နေသမျှတွေဟာ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းတွေနဲ့အညီ အသင့်အနေအထား ဖြစ်နေပါပြီ။ ကိုဗစ်-၁၉ ကပ်ကာလအတွက် ခရီးသွားတွေကို လုံခြုံစိတ်ချမှု ပေးနိုင်တဲ့နေရာမှာ Boracay ကျွန်းဟာ ဘယ်လောက်ထိ စိတ်ချရနိုင်သလဲဆို The World Travel and Tourism Council (WTTC) က Safe Travels Stamp ကို ရရှိထားပြီဖြစ်လို့ ဒီကပ်ကြီးအတွင်းမှာ ခရီးသွားဖို့ စိတ်ချလုံခြုံမှုကို သေချာပေါက် ပေးနိုင်မယ်လို့ သူတို့ကတော့ ရဲရဲကြီး ယုံကြည်ထားပါတယ်။


Batangas

ဇိမ်ခံ သမုဒ္ဒရာအတွေ့အကြုံမျိုး ရချင်သူတွေအတွက်တော့ ဖိလစ်ပိုင်နိုင်ငံ ရဲ့ Batangas ကို မရောက်မဖြစ် သွားကြရပြန်ပါတယ်။ Batangas မှာ ရှိတဲ့ Mabini က Anilao ဟာ ရေအောက်ကြမ်းပြင်ကို ငုပ်ဆင်းလေ့လာဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခု ပါ။ နှစ်ပေါက်အောင် Stay-at-home နေခဲ့ကြရတဲ့ ခရီးသွားချစ်သူတွေကို အသက်ဝဝရှူရှိုက်ရင်း သဘာဝနဲ့ ထိတွေ့မှု ပေးနိုင်မဲ့ နေရာလည်း ဖြစ်ပါတယ်။ ပင်လယ်ရေအောက်ငုပ်လို့ကောင်းတဲ့ ကာလတွေ ဖြစ်တဲ့ နိုဝင်ဘာလ ကနေ မေလ အတွင်းဆို နှစ်စဉ် ခရီးသွားတွေ ပြည့်နေခဲ့တဲ့ အရပ်ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ခုဆိုရင် Diving Licence (ရေငုပ်ကျွမ်းကျင်လက်မှတ်) ရထားပြီးသူတွေ အများအပြား ရှိလာပါပြီ။ အဲ့လို စွန့်စားရေအောက်ခရီးမှ ကြိုက်သူတွေအတွက်ကို အတွေ့အကြုံထူးထူးခြားခြားတွေနဲ့ မေ့မရနိုင်အောင် ပေးစွမ်းမဲ့ Batangas ကိုလည်း ဖိလစ်ပိုင်နိုင်ငံ ဟာ မကြာခင် ပြန်လည် ခရီးသွားခွင့်ပြုတော့မှာပါ။


Bacolod

ပင်လယ်ကမ်းခြေခရီးတွေ၊ စွန့်စားရေငုပ်ခရီးတွေကို သဘောမတွေ့တဲ့သူတွေ ရှိရင်တော့ လူမှုဘဝတွေကို လေ့လာနိုင်မဲ့ Bacolod ဘက် ခရီးစဉ်ကိုလည်း ဖိလစ်ပိုင်နိုင်ငံ က ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်။ ကျွန်တော်ဆိုလည်း ကမ်းခြေမှာ ထိုင်အပန်းဖြေရတာမျိုးထက် ခုလို လူမှုဘဝတွေကို လေ့လာရတာမျိုး ပိုသဘောကျတယ်လေ။ ကိုယ်က ရေငုပ်လိုင်စင်လည်း မရထားသေးတော့ အဲ့လို စွန့်စားခရီးကလည်း အဆင်မပြေပြန်သေးဘူး။ Bacolod ဟာ Negros Occidental ပြည်နယ်ရဲ့ မြို့တော် ဖြစ်ပါတယ်။ ဖိလစ်ပိုင် ရဲ့ သကြားမြို့တော် လို့ ခေါ်ဝေါ်ခဲ့ကြပါသေးတယ်။ ဒီဒေသမှာတော့ ပွင့်လင်းရိုးသားတဲ့ ကျေးလက်ဘဝကို မြင်တွေ့ ခံစားရတယ်လို့လည်း ဆိုကြပါတယ်။ Casa Gamboa ဘက်မှာ တည်းကြမယ်။ The Ruins မှာ ဓါတ်ပုံတွေ တဝကြီး ရိုက်ပြီး၊ Bacolod Art District မှာ အနုပညာပြပွဲတွေကို ခံစားနိုင်မယ်။ ဒါ့အပြင် Emma Lacson’s House, Ann Co Cakes နဲ့ El Ideal Bakery တို့မှာ ချက်နည်းပြုတ်နည်း မုန့်လုပ်နည်းတွေကို သင်နိုင်ဦးမှာပါ။


ဖိလစ်ပိုင် ရဲ့ နာမည်ကျော် နေရာ (၃) ခုကတော့ မကြာခင် ဖွင့်လှစ်ပါတော့မယ်။ ကမ္ဘာကြီးကလည်း ကာကွယ်ဆေးထိုးနှံပြီးလို့ ခရီးသွားလည်ပတ်မှုတွေ စတင်ဖို့ မျှော်လင့်ချက်တွေ ကြီးနေပါတယ်။ ဘယ်တော့ ကပ်ကာလကြီး ကုန်ဆုံးမယ် မသိရသေးပေမဲ့ ကပ်ကာလကြားတည်းမှာ အားလုံးဟာ ရသလောက် လှုပ်ရှားရုန်းကန်နေကြရတာပါပဲ။ ဖိလစ်ပိုင်နိုင်ငံ ကို ကိုဗစ်-၁၉ ကပ်ကာလကြီးအတွင်း ခရီးသွားလာလည်ပတ်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့ မသွားခင် ဒီ http://www.philippines.travel/safetrip Website မှာ ကြိုတင်လေ့လာနိုင်ပါတယ်။ ဒါမှမဟုတ် Travel Philippines app ကို Google Playstore ဒါမှမဟုတ် Apple Store ကနေ ဒေါင်းလုတ်ယူလို့ နောက်ဆုံးထုတ်ပြန်တဲ့သတင်းတွေ ရယူနိုင်ပါတယ်။

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page