top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

စင်ကာပူ မှာ သာဖူးတဲ့ လ

Writer's picture: Thiha Lu LinThiha Lu Lin

စင်ကာပူ ဟာ ကိုယ့်မှာပိုင်ဆိုင်ထားတဲ့ အကောင်းဆုံးအနေအထားနဲ့ ခရီးသွားချင်အောင် ဆွဲဆောင်နိုင်တဲ့ နိုင်ငံတစ်ခုပါပဲ။


လူဆိုတာမျိုးက လုပ်ခွင့်ရနေတုန်းဆို တန်ဖိုးထားရကောင်းမှန်းမသိ၊ မလုပ်ရတော့ဘူးဆိုရင် သိပ်ဖြစ်ချင်လုပ်ချင်ကြတာမျိုး။ ခု ကျွန်တော် ခရီးအရမ်းအရမ်းသွားချင်တယ်ဗျာ။ အဝေးကြီးမသွားရရင်တောင် နီးနီးနားနား စင်ကာပူလောက်ပေါ့။ စင်ကာပူနိုင်ငံဆိုတာ ကျွန်တော်တို့ မြန်မာအများစု သွားလည်ချင်တဲ့နိုင်ငံတစ်ခုမလား။ အလည်အပတ်၊ ပညာရေး၊ အလုပ်အကိုင်၊ ရှော့ပင်း ရည်ရွယ်ချက်မျိုးစုံနဲ့ပေါ့။ ကျွန်တော်ကတော့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆုံနေကျနေရာမို့ စင်ကာပူကို တမ်းတနေမိတာပါ။


စင်ကာပူ မှာ သာဖူးတဲ့ လ

စင်ကာပူလည်တုန်းက အချိန်လေးတွေကို သတိရတယ်။ အင်္ဂလိပ်စကားပြောနိုင်တဲ့နိုင်ငံမို့ ခရီးသွားတွေအတွက် ဘာလုပ်လုပ်အဆင်ပြေစေတယ်။ မြန်မာမိတ်ဆွေအများစု ကျောင်းတက်ကြ၊ အလုပ်လုပ်ကြနဲ့ ရောက်နေတဲ့နိုင်ငံဖြစ်လို့ ကျွန်တော်ရောက်သွားချိန်မှာ ဘာမှ မျက်နှာငယ်စရာမရှိဘဲ လည်ပတ်စရာတွေကို စုံစုံလင်လင် လည်ပတ်နိုင်ဖို့ ဖြစ်ခဲ့တယ်။ ဈေးကြီးလားဆိုတော့ ဟုတ်ကဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့အားလျော်စွာ ဈေးကတော့ မသေးပါဘူး။ ဟိုတယ်ဈေး၊ ကားငှားခဈေး စသဖြင့် တန်ရာတန်ကြေးတော့ မြင့်ပါတယ်။ ဒါပေမဲ့ ရှာတတ်ဖွေတတ်ရင်တော့ ဈေးသက်သက်သာသာနဲ့လည်း လည်ပတ်လို့ ရနိုင်တာမျိုးပါ။ ကျွန်တော်ဆို ဟိုတယ်ဈေးသက်သာတာလေးတွေကို အင်တာနက်ကနေ မွှေနှောက်ရှာဖွေပြီး တည်းဖြစ်တယ်။ ပြီးခဲ့တဲ့တစ်ခေါက် Little India ဘက်တည်းတာလေး ဈေးမဆိုးဘူး။ အနေအထားက ရန်ကုန်မြို့ထဲ မဂိုလမ်းဘက်လိုလိုလေး။ သွားရေးလာရေးအတွက် အဆင်ပြေ ဈေးလည်းသင့်တဲ့ မြေအောက်ရထား MRT နဲ့ အများသုံးဘတ်စ်ကား မျိုးလေးတွေ လေ့လာပြီး စီးဖြစ်တယ်။ ဒါပေမယ့် ရုံးချိန်တွေဘာတွေတော့ ရှောင်သွားဖို့လိုတယ်။ ဘာလို့ဆို လူအရမ်းကြပ်တာကိုး။ Grab တက္ကစီတွေလည်းရှိပေမဲ့ ဈေးကများတော့ public transportation အဓိက သုံးဖို့အကြံပေးချင်တယ်။ ကျွန်တော်ကတော့ ရောက်နေတဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ အကူအညီနဲ့ အဆင်ပြေခဲ့တယ်။ သူတို့ရုံးပိတ်ရက်နဲ့တိုက်ဆိုင်ရင် အတူတူချိန်းပြီး လျှောက်သွားရင်း လျှောက်စားရင်းနဲ့ သွားတတ်လာတတ်ဖြစ်သွားရော။ ကျွန်တော့အတွက်တော့ စင်ကာပူမှာ သာတဲ့ လ ဟာလည်း တခြားဖွံ့ဖြိုးတဲ့နိုင်ငံမှာ သာတဲ့ လ လို လှပနေတာပါပဲ။


စည်းကမ်းရှိတဲ့ စင်ကာပူ

စည်းကမ်းသေဝပ်တဲ့ နေရာမှာတော့ စံထားရလောက်တဲ့ စင်ကာပူက ဒုစရိုက်အလွန်နည်းပါးတာကြောင့် လည်ပတ်ရတာ လုံခြုံမှုရှိတာကို သဘောကျတယ်။ ညဘက် မိုးချုပ်သွားလာရတာတောင် နောက်ကျောမလုံတဲ့ ခံစားမှုမျိုး မရှိစေတဲ့အထိ စိတ်ချမ်းသာရတယ်။ ကိုယ်တိုင်လည်း သူတို့ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ လိုက်နာဖို့လည်း လိုတာပေါ့။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကလဲ အများသား။ ပီကေဝါးတာကအစ ပိတ်ပင်ထားတာမျိုးဆိုတော့ သူတို့စည်းကမ်းတွေကို တိတိကျကျလိုက်နာရတယ်။ မလိုက်နာရင် ပေးရတဲ့ဒဏ်ကြေးကလဲ လန့်စရာကိုး။ စင်ကာပူရောက်တုန်းက ညဘက်တွေဆို Clarke Quay ကို သူငယ်ချင်းတွေနဲ့ ရောက်ရောက်နေတတ်တော့တာပဲ။ ကလပ်ပဲဝင်ဝင် ဘားပဲထိုင်ထိုင် အေးဆေး။ ခပ်ငြိမ်ငြိမ်အရသာလေးဆိုရင်တော့ Marina Bay ဝန်းကျင်ကို သွားပြီး ရောင်စုံမီးအလှတွေ ထိုင်ငေးနေပစ်လိုက်ကြတယ်။ Mustafa ကိုတော့ မြန်မာတချို့တော်တော်ကြိုက်ပေမဲ့ ကျွန်တော်ကတော့ အရမ်းမကြိုက်လှဘူး။

စင်ကာပူမှာ အဝတ်အစားတွေ ဝယ်ဖြစ်တာများတယ်။ Branded တွေလည်းမျိုးစုံရှိပေမဲ့ ကျွန်တော်ကတော့ အစကတည်းက Brand စွဲလန်းသူမဟုတ်လို့ ဈေးသက်သက်သာသာထဲက ရေရှည်ခံပြီး ဝတ်လို့လှမဲ့ အဝတ်အစားတွေပဲ ရှာဝယ်တတ်တယ်။ VivoCity လေး သဘောကျတယ်။ China Town ထဲ မွစိမွစ အမှတ်တရပစ္စည်းတွေ ဝယ်ရတာလည်း ကြိုက်တယ်။ မိသားစုနဲ့ ဒီက သူငယ်ချင်းတွေအတွက် လက်ဆောင်ဝယ်ရင်လည်း အဲ့လိုအမှတ်တရဖြစ်မှာလေးတွေကို ပိုဦးစားပေးရွေးဖြစ်တယ်။


အစားအသောက် စုံတဲ့ စင်ကာပူ

စင်ကာပူ ဟာ အရှေ့အနောက် ယဉ်ကျေးမှုစုံရာဖြစ်လို့ အစားအသောက်ကတော့ အတော် စုံလင်ပါတယ်။ စင်ကာပူရောက်ရင် မစားမဖြစ်ဆိုတာမျိုးတွေ ရှိတယ်။ မိတ်ဆွေတွေနဲ့ ချိန်းတဲ့အခါလည်း စားလို့သောက်လို့ကောင်းတဲ့နေရာတွေမှာပဲ ချိန်းဖြစ်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ကျွန်တော်ကတော့ လမ်းဘေးစာလေးတွေ ကြိုက်သူမို့ရော ခရီးထွက်ရင် လမ်းဘေးစာလေးတွေက အဲ့ဒီနိုင်ငံ ဒါမှမဟုတ် မြို့ရဲ့ သမိုင်းကြောင်းကို ပိုသိရစေတာကြောင့်ရော ဒေသစာ လမ်းဘေးအစားအစာတွေ ပိုစားဖြစ်တယ်။ စင်ကာပူမှာ ငှက်ပျောဖတ်လေးနဲ့ စားရတဲ့ ငါးကင် Ikan Bakar ဆိုတာလေး ကြိုက်တယ်၊ ကြက်ဆီထမင်း ဆိုလည်း အသည်းစွဲ၊ ပြီးတော့ ဝက်သားပေါင်းထမင်း။ စင်ကာပူအစားအစာတွေက နည်းနည်းချိုတဲ့ဘက်သွားတော့ ကြိုက်တဲ့သူလဲရှိ၊ မကြိုက်တဲ့သူလဲရှိပေါ့။ ကျွန်တော့်အတွက်တော့ Foodcourt လေးတွေက သန့်ရှင်းသပ်ရပ်နေပြီး စားချင်စဖွယ်မို့ စားရတာ ပိုပြီးမြိန်ပါတယ်။ ကျန်းမာရေးအလေးထားတဲ့နိုင်ငံမို့ အစားအသောက်ကိုလည်း သန့်ရှင်းအောင် ဂရုတစိုက်ပြင်ဆင်ချက်ပြုတ်ကြပါတယ်။


ကျွန်တော် စင်ကာပူ မရောက်တာကြာလို့ ပြန်ပြီးလည်ပတ်မယ်ဆိုတဲ့အချိန်မှ ကိုဗစ်ကပ်ကာလကြီးနဲ့ကြုံတယ်။ ခုနေများ စင်ကာပူ လည်လို့ရပြီဟေ့ဆိုရင် သူငယ်ချင်းတွေ ချိန်းပြီး အရင်လို စင်ကာပူလမ်းဘေးစာလေးတွေ စား၊ မလည်ပတ်ခဲ့ရသေးတဲ့နေရာအသစ်တွေ ထပ်လည်ရင်း၊ ဈေးပတ်ဝယ်ချင်မိပါသေးတယ်ဗျာ။ ကျွန်တော့် ခရီးသွားခြင်္သေ့တွေရော စင်ကာပူမှာဘာတွေလုပ်ရတာကြိုက်လဲဗျ။ အတွေ့အကြုံလေးတွေဖလှယ်ကြရအောင်ပါဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Soe Oak Kyaw, Teddy Myo Nay Aung

Camera :: Various Cameras & Phones

Photos are modified in Lightroom by Thiha Lu Lin.

Comentarios


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page