top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ထိုင်းနိုင်ငံ သွားဖို့ ကိုဗစ်ကပ်ကာလအတွင်း ဗီဇာ ဘယ်လိုလျှောက်ထားမလဲ

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Oct 12, 2021
  • 2 min read

Updated: Nov 13, 2021

ထိုင်းနိုင်ငံ ကို လာမယ့် နိုဝင်ဘာလ (၁) ရက်နေ့က စလို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ပြည့် ထိုးနှံထားသူများ ကွာရန်တင်းဝင်စရာမလိုတော့ဘဲ သွားရောက်လည်ပတ်နိုင်ပြီလို့ ဝန်ကြီးချုပ် Prayut Chan-o-cha က ကြေညာချက်ထုတ်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ ကူးစက်ပြန့်ပွားမှုအနည်းဆုံး နိုင်ငံ (၁၀) နိုင်ငံ ကိုပဲ ဒီအစီအစဉ်မှာ ခွင့်ပြုမှာဖြစ်ပြီး ဒီအထဲမှာ UK, China, Germany, US နဲ့ Singapore တို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံလည်း ပါဝင်သွားပြီလို့ သိရပါတယ်။ (၁၀) နိုင်ငံ စာရင်းထဲ မပါရင်တော့ အရင်အခြေအနေအတိုင်း ဖြေလျော့အနေအထားနဲ့ ကွာရန်တင်း ဝင်ကြရပါဦးမယ်။ ခွင့်ပြုစာရင်းထဲ ပါဝင်ခဲ့ရင်လည်း လာတဲ့နိုင်ငံ က RT-PCR Test အဖြေကို ပြသရမှာဖြစ်သလို ထိုင်းနိုင်ငံ လေဆိပ် ရောက်ချိန်မှာ ထပ်မံ စစ်ဆေးမှုခံယူကြရမှာ ဖြစ်ပါတယ်။ မူလ က အောက်တိုဘာ (၁) ရက်နေ့ သို့မဟုတ် (၁၅) ရက်နေ့ ဖွင့်ဖို့ လျာထားခဲ့ပေမဲ့ ကာကွယ်ဆေးထိုးနှံမှု သတ်မှတ်လူဦးရေ မပြည့်မီခဲ့တာကြောင့် နိုဝင်ဘာလ (၁) ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ပြီး ခုရက်မှာ အတည်ပြုကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲကို လာမယ့် ဒီဇင်ဘာလ ထဲမှာ နောက်ထပ် ကူးစက်မှုနည်းတဲ့ နိုင်ငံတွေကို တိုးမြှင့်ခွင့်ပြုလက်ခံသွားမှာ ဖြစ်ပြီး နိုင်ငံတွင်းက ဖျော်ဖြေရေးနေရာတွေ နဲ့ အရက်ရောင်းချခွင့်တွေ ကိုလည်း ဒီဇင်ဘာ (၁) ရက်နေ့ကစလို့ ပြန်လည်ဖွင့်လှစ်လုပ်ဆောင်ဖို့ ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

Thailand Reopening for Tourists 1 November

ကွာရန်တင်းနေထိုင်ဖို့ ထုတ်ပြန်ချက်အသစ်

ထိုင်းနိုင်ငံက အခါအားလျော်စွာ ထုတ်ပြန်တဲ့ ခွင့်ပြုနိုင်ငံစာရင်းထဲ မပါဝင်တဲ့ နိုင်ငံက ခရီးသွားတွေကတော့ အောက်တိုဘာလ (၁) ရက်နေ့တုန်းက အသစ်ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်အသစ်နဲ့အညီ ကွာရန်တင်းဝင်ရောက်ကြရဦီးမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးနှံပြီးသူတွေက (၇) ရက် နဲ့

ကာကွယ်ဆေး မထိုးနှံသူတွေက (၁၀) ရက် ကွာရန်တင်း ဝင်ရောက်ကြရပါမယ်။

ခွင့်ပြုနိုင်ငံတွေကတော့ တစ်ည ပဲ ကွာရန်တင်း ဝင်ကြရတော့မှာ ဖြစ်ပါတယ်။


ခွင့်ပြုကာကွယ်ဆေးများ

ထိုင်းနိုင်ငံ ကို ဝင်ရောက်ဖို့ရာ ကွာရန်တင်း (၇) ရက်နေထိုင်ဖို့အတွက် ကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးနှံထားကြောင်း လက်မှတ် ပြသရမှာဖြစ်ပြီး ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန က ခွင့်ပြုထားတဲ့ ဆေးတွေ ထိုးနှံထားသူများ ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒုတိယကြိမ် ကာကွယ်ဆေးကို ခရီးမရောက်မီ ၁၄ ရက်ကြိုတင် ထိုးနှံပြီးသူ ဖြစ်ရမှာပါ။ ခွင့်ပြုထားတဲ့ ကာကွယ်ဆေးအမျိုးအစားတွေကတော့

(၁) Cornona Vac (Sinovac)

(၂) AstraZeneca သို့မဟုတ် Covishield

(၃) Pfizer သို့မဟုတ် Comimaty

(၄) Janssen သို့မဟုတ် Janssen/Ad26.COV2.S

(၅) Moderana

(၆) Sinopharm သို့မဟုတ် COVILO

(၇) Sputnik V

တို့ပဲ ဖြစ်ပါတယ်။ ဆေးထိုးထားကြောင်း အသိအမှတ်ပြုလက်မှတ်ကို လေဆိပ်မှာ တင်ပြကြရမှာဖြစ်ပါတယ်။ ဆေးမထိုးထားသူတွေ၊ ဆေးလက်မှတ် မရှိသူတွေကတော့ ကွာရန်တင်း (၁၀) ရက် ဝင်ရောက်နေထိုင်ကြရမှာ ဖြစ်ပါတယ်။

Thailand Updated Regulations on Quarantine Effective from 1 Oct 2021

ကိုဗစ်ကာလ ထိုင်းဗီဇာ လိုအပ်ချက် နဲ့ လျှောက်ထားပုံ

အခုလို အချိန်မှာ ထိုင်းနိုင်ငံ ကို သွားရောက်ဖို့ လိုအပ်နေသူတွေအတွက် ထိုင်းဗီဇာ ရယူပုံ အဆင့်ဆင့်ကို Direct GO Travels & Tours က မနီလာ က အခုလို အကြံပြုလမ်းညွှန်ပေးထားပါတယ်။


ထိုင်းကို ဝင်ရောက်ရာမှာ အရင်ကလို ဗီဇာတစ်ခုတည်းနဲ့ မရတော့ဘဲ Thailand Pass ဆိုတာ လျှောက်ထားဖို့ လိုအပ်လာပါတယ်။ နိုဝင်ဘာလ (၁) ရက်နေ့ကနေစလို့ ထိုင်းနိုင်ငံကို လေကြောင်းနဲ့ ဝင်ရောက်မယ့်သူတွေဟာ Thailand Pass ကို Register လုပ်ကြရပါမယ်။ Thailand Pass ကို ခရီးမသွားခင် အနည်းဆုံး ၇ ရက် ကြိုတင် ရယူရပါမယ်။ လောလောဆယ်ခွင့်ပြုထားတဲ့ မြန်မာ အပါအဝင် နိုင်ငံပေါင်း (၃၀) ‌က ခရီးသွားတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း QR Code နဲ့ တင်ကြရမှာ ဖြစ်ပါတယ်။ Auto Approved ပေးတယ်လို့ ဆိုပါတယ်။ QR Code မပါတဲ့ ကာကွယ်ဆေးထိုးလက်မှတ်ဆိုရင်တော့ ၃ ရက်ကနေ ၇ ရက် အချိန်ယူပါတယ်။ ၇၂ နာရီအတွင်း လေယာဉ်ချိန် အပြောင်းအလဲ ရပါတယ်။ အဲ့အချိန်ထက်ကျော်ရင်တော့ အသစ်ပြန်လျှောက်ကြရပါတယ်။ Thailand Pass လျှောက်ဖို့ လိုအပ်တာတွေကတော့ -

  • Passport မိတ္တူ

  • ကာကွယ်ဆေး (၂) ကြိမ် ထိုးထားတဲ့ လက်မှတ် Notry ကို နိုင်ငံခြားဝန်ကြီးဌာနက တုံးထုထားတဲ့လက်မှတ်

  • Hotel Reservation လုပ်ထားတဲ့စာရွက်‌

  • လေယာဉ်လက်မှတ်

  • အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အကာအကွယ်ရှိတဲ့ ကျန်းမာရေးအာမခံချက်

တွေ တင်ပြရပါတယ်။ လေကြောင်းက မဟုတ်ရင်တော့ တလောက ထုတ်ပြန်တဲ့ COE လျှောက်ထားပြီး ဝင်ရောက်ကြရမှာပါ။


ဗီဇာ ရယူဖို့အတွက် အရင်ဆုံး ထိုင်းသံရုံးကို Email ပို့လို့ Booking ရယူကြရမှာ ဖြစ်ပါတယ်။ အရင်ရက်တွေကတော့ လူကိုယ်တိုင် သံရုံးကို သွားရောက်တန်းစီရပေမဲ့ အခုတော့ မလိုအပ်တော့ဘူးလို့ သိရပါတယ်။ Booking ယူဖို့ Email ပို့တဲ့အခါ အောက်ပါစာရွက်စာတမ်းတွေကို ပူးတွဲတင်ပြပေးဖို့ လိုအပ်ပါတယ်။

(၁) Passport (ပြန်မယ့်အချိန်မှာ အနည်းဆုံး သက်တမ်း ၆ လ ကျန်ရှိရမယ်)

(၂) အိမ်ထောင်စုစာရင်း

(၃) လေယာဉ်လက်မှတ် Booking

(၄) Insurance

(၅) Bank စာအုပ် (ဘတ် ၂ သောင်း နဲ့ ညီမျှတဲ့ မြန်မာငွေကျပ် ၁၅ သိန်းဝန်းကျင် ရှိနေရမယ်)

အဆိုပါ အချက်အလက်တွေကို Scan ဖတ်ပြီး ထိုင်းသံရုံး Email လိပ်စာ thaiembassyygn@gmail.com ကို ပေးပို့လို့ Booking ယူရပါတယ်။


ထိုင်းသံရုံးက Email နဲ့ပဲ အကြောင်းပြန်ကြားလာပါလိမ့်မယ်။ အဲ့ဒီအခါ Appointment Date ကို ပေးမှာ ဖြစ်ပြီး သူတို့ခေါ်ဆိုတဲ့ အဲ့ဒီရက်မှာ Email ပေးပို့တုန်းက တွဲပေးလိုက်တဲ့ Passport ၊ အိမ်ထောင်စုစာရင်း၊ လေယာဉ်လက်မှတ် Booking ၊ Insurance ၊ Bank စာအုပ်တွေ ကို မူရင်းရော မိတ္တူပါဆွဲလို့ ယူဆောင်သွားရပါမယ်။ ဗီဇာလျှောက်လွှာမှာ ကပ်ဖို့ ပတ်စပို့ဓါတ်ပုံ (45mm x 34mm အရွယ်အစား) ၂ ပုံ လည်း မဖြစ်မနေ ယူဆောင်သွားကြရပါမယ်။


သံရုံးက ဗီဇာလက်ခံပြီဆိုရင် COE လို့ခေါ်တဲ့ Certificate of Entry ကို ထပ်မံ လျှောက်ထားကြရဦးမှာ ဖြစ်ပါတယ်။ COE လျှောက်ထားဖို့အတွက် Confirmed ဖြစ်ပြီးသား Hotel Booking (ရိုးရိုး Booking မဟုတ်ဘဲ ငွေပေးချေပြီးသား Booking) ကို တင်ပြရမှာပါ။ COE ကိုလည်း Online ကနေပဲ လျှောက်ထားကြရပါတယ်။ COE ရဖို့အတွက်လည်း အချိန် ၂ ရက်ကနေ ၃ ရက် ခန့် ကြာမြင့်တတ်ပါတယ်။ ဆေးထိုးထားတဲ့ Certificate ရှိလည်း COE က ယူကို ယူရဦးမယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံ သွားရောက်ဖို့ လိုအပ်နေသူတွေအတွက် လိုအပ်ချက် အသေးစိတ်နဲ့ ဝန်ဆောင်မှု ရယူလိုတာပဲဖြစ်ဖြစ်၊ ထိုင်းနိုင်ငံမှာ နေထိုင်လည်ပတ်မှုအတွက် ဟိုတယ်နဲ့ အိမ်ခန်းငှားစတာတွေနဲ့ ပတ်သက်လို့ သိချင်တာပဲဖြစ်ဖြစ် Direct GO Myanmar ခရီးသွားဝန်ဆောင်မှု page သို့မဟုတ် Viber No. +66923416323 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ ကပ်ဆိုးကြီးများဘေးမှ အမြန်ကင်းဝေးကြပါစေ။

သီဟလုလင် (Thiha, the Traveller)

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page