top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၁၁) | ဂျေရုဆလင် ရဲ့ အထင်ကရ အမှတ်အသား The Dome of the Rock

Writer's picture: Thiha Lu LinThiha Lu Lin

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးနေကျ “သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း” မှာ ဒီတစ်ခါတော့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ သိပ်မသက်ဆိုင်လှတဲ့ ဂျေရုဆလင် က နေရာတစ်ခုကို ပြောပြပေးချင်ပါတယ်။ ကျွန်တော်လည်း ခရစ်ယာန်ဘုရားဖူးအစီအစဉ်နဲ့ သွားခဲ့တာဖြစ်လို့ ဒီနေရာကို ရောက်ရှိခွင့် မကြုံဘဲ အဝေးကနေပဲ မြင်ခွင့်ရခဲ့တာပါ။ ဒါကြောင့် လိုအပ်တဲ့ပုံနဲ့ အချက်အလက်တချို့ကို စာအုပ်တွေထဲကနေ ကိုးကားဖော်ပြလိုက်ပါတယ်။


The Temple Mount

အစ္စရေး နဲ့ ပါလက်စတိုင်း အငြင်းပွားရာ ဂျေရုဆလင်မှာ ရှိနေတဲ့ The Temple Mount တောင်အကြောင်းကို ကျွန်တော် မြန်မာပြန်ကျမ်းစာအုပ်ထဲ သတိမပြုမိခဲ့ဘူး။ ကျွန်တော့်ရဲ့ လိုအပ်မှုလည်း ဖြစ်နိုင်ပါတယ်။ အနီးစပ်ဆုံးလို့ ကျွန်တော်ယူဆမိတာက မောရိတောင် ဖြစ်မယ်ထင်ပါတယ်။

“ယေရုရှလင်မြို့တွင် မောရိတောင် ပေါ်မှာ ခမည်းတော် ဒါဝိဒ်အား ထာဝရဘုရား ထင်ရှားတော်မူရာအရပ်၊ ယေဗုသိလူ အရောန၏ ကောက်နယ်တလင်းကို ဒါဝိဒ် ပြင်ဆင်ခဲ့ပြီးသောအရပ်၌ ရှောလမုန်သည် နန်းစံလေးနှစ်၊ ဒုတိယလ၊ နှစ်ရက်နေ့တွင် ထာဝရဘုရား၏ အိမ်တော်ကို တည်စပြုတော်မူ၏။” (၆ရာ ၃:၁-၂)

အခုခေတ်အခေါ် The Temple Mount တောင်ဟာ ကျမ်းစာအလာအရဆိုရင်တော့ ဘုရားသခင်က လူကို မြေမှုန့်ကနေ ဖန်ဆင်းရာအရပ် (ကမ္ဘာ ၂:၇) ဖြစ်သလို၊ အာဗြံဟံ က သား ဧဇက် ကို ယဇ်အဖြစ် ပူဇော်ဖို့ စီရင်ခဲ့ရာအရပ်၊ ဒါဝိဒ် က အရောန ဆီကနေ မြေဝယ်ယူခဲ့ရာအရပ် ဖြစ်ပါတယ်။ ဒီအရပ်မှာပဲ ရှောလမုန်မင်းကြီးက ၇ နှစ်ကြာအချိန်ယူပြီး ဝတ်ပြုရာဗိမာန်တော် တစ်ဆောင်ကို ဆောက်လုပ်ခဲ့ပါတယ်။ ဝတ်ပြုရာဗိမာန်ဆောင် က သေးငယ်ပေမဲ့ အဖိုးတန်အရာများစွာအပါအဝင် အပြင်အဆင်အခြယ်အသ တော်တော်များများနဲ့ ဆောက်ထားတာလို့ သိရပါတယ်။ အတွင်းမှာ ပဋိညာဉ်သေတ္တာတော်ကို ထားရှိပြီး အဲ့သေတ္တာတော်အတွင်းမှာ ဆိုင်းနိုင်းတောင် (ကျမ်းစာထဲမှ အမည် - သိနာတောင်) ကနေ မောရှေ ယူဆောင်လာတဲ့ ပညတ်တော်ဆယ်ပါး ကျောက်ချပ်တွေ သိမ်းဆည်းထားပါတယ်။ ဒီ ဗိမာန်တော် ဟာ ဘီစီ ၅၈၆ မှာ ဗာဗုလုန် (ဘေဘီလုံ) ပြည်သားတွေရဲ့ ဖျက်ဆီးခြင်း ခံခဲ့ရပြီး နှစ်ပေါင်း ၅၀ ကျော်အကြာမှာ မူလပုံစံအတိုင်း ပြန်လည် တည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီနောက်ခေတ်အဆက်ဆက် ဖျက်ဆီးလိုက်၊ ပျက်စီးလိုက်၊ ပြန်တည်ဆောက်လိုက်နဲ့ ဖြစ်ပျက်ခဲ့တဲ့ တောင် ဖြစ်ပါတယ်။ ဒီနေရာဟာ တမန်တော် မိုဟာမက် ရဲ့ ကောင်းကင်သို့ညခရီးနှင်ရာ ထူးခြားအရပ်ဖြစ်တယ်လို့လည်း သိရပြန်ပါတယ်။ ဒါကြောင့် မူဆလင်တွေရဲ့ စိတ်ဝင်စားခြင်း ရှိရာအရပ်ဖြစ်သလို အစ္စလာမ်တွေရဲ့ မကာ နဲ့ မဒီနာ ပြီးရင် သန့်ရှင်းမြင့်မြတ်ဆုံးသောအရပ်တစ်ခု ဖြစ်ပါတယ်။ အခုခေတ်မှာတော့ ဒီ Temple Mount တောင်ကို မူဆလင်တွေက Haram al-Sharif လို့ခေါ်ဆိုကြပါတယ်။

Temple Mount, The Dome of the Rock,

The Dome of the Rock (Qubbat Al-Sakhra)

The Dome of the Rock ဟာ ဂျေရုဆလင် ရဲ့ အဘက်ဘက်ကနေ သတိပြုမိနိုင်လောက်တဲ့ အထင်ကရ နေရာတစ်ခု ပါ။ ရွှေရောင်တဝင်းဝင်း နဲ့ မြင်ကြရမှာမျိုး ဖြစ်ပါတယ်။ ဒီဝတ်ပြုဗိမာန်တော် ဟာ မူလက ရှော်လမုန်မင်းကြီး တည်ဆောက်ခဲ့တဲ့ Temple နေရာမှာပဲ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ ခရူးဆိတ်ဒါတွေ လက်ထက်မှာတော့ ဒီ Temple Mount တောင်နေရာမှာ ပင်မစခန်း အဖြစ် အသုံးပြုခဲ့ပြီး ဒီ The Dome of the Rock ကိုတော့ ခရစ်ယာန်ဘုရားကျောင်းအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Temple of the Lord (Templum Domini) လို့ ပြောင်းလဲ ခေါ်ဆိုခဲ့ပါသေးတယ်။ ဗိမာန်တော်အနီးမှာ ရှိတဲ့ Al-Aksa Mosque ကိုတော့ ခရူးဆိတ်ဒါတွေရဲ့ ဘုရင့်စံနန်းတော် အဖြစ် ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ မူဆလင်တွေ ပြန်ပြီးသိမ်းပိုက်နိုင်ခဲ့ချိန်မှာတော့ မူလအတိုင်း ပြန်လည်ပြောင်းလဲအသုံးပြုခဲ့ကြတာ ယနေ့ထိတိုင်ပါပဲ။


ဒီနေရာဟာ တမန်တော် မိုဟာမက် ကောင်းကင်သို့ ညခရီးနှင်ရာ အရပ်လို့လည်း ယုံကြည်ကြပါတယ်။ သို့သော်လည်း မူဆလင်တို့ရဲ့ ကိုရန်ကျမ်းစာမှာတော့ ဂျေရုဆလင် အကြောင်း ကို ဖော်ပြထားတာ မရှိဘူးလို့ မှတ်သားခဲ့ရပါတယ်။ ကိုရန်ကျမ်းစာ ကိုတော့ ကျွန်တော် ဖတ်ဖူး သိဖူးခြင်း မရှိသေးလို့ အမှားအယွင်းရှိရင်လည်း ပြန်လည် ပြောပြပေးစေလိုပါတယ်။ ဒီ ဗိမာန်တော်ကြီး ရဲ့ အနားက မျှော်စင်ပုံစံအဆောက်အအုံမှာတော့ တမန်တော် မိုဟာမက် ရဲ့ မုတ်ဆိတ်မွှေးတော် နှစ်မျှင် ရှိနေတယ်လို့ ဆိုကြပါတယ်။ ဗိမာန်တော်အတွင်းမှာ သေပြီးသောသူတွေရဲ့ ဝိညာဉ်တွေ ဆုတောင်းမှုပြုလုပ်ရာနေရာကိုလည်း ထားရှိပေးထားပြီး Well of the Souls ဝိညာဉ်ရေတွင်း လို့ ခေါ်ဆိုကြောင်း သိမှတ်ရပြန်ပါတယ်။


အပြင်အဆင်ပိုင်းမှာ အတော်လေးလှပပြီး ဟိုးအရင်ခေတ်တုန်းကတော့ Mosaic တွေဖန်တီးအလှဆင်ခဲ့တဲ့နေရာမှာ နောက်ပိုင်း ကျောက်ပြားတွေနဲ့ အစားထိုး အလှဆင်ခဲ့ပါတယ်။ ဒီဗိမာန်တော်ကို ၆၈၉ နဲ့ ၆၉၁ ခုနှစ် ကြားမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဂျေရုဆလင်က Yazid Ibn Salam နဲ့ ဘေးဆန်း က Raja Ibn Haywah ဆိုတဲ့ အင်ဂျင်နီယာ နှစ်ဦးက တည်ဆောက်ခဲ့တယ်လို့ မှတ်သားခဲ့ရပါတယ်။


The Dome of the Rock ဗိမာန်တော် အနီးမှာတော့ Al-Aksa Mosque ၊ the Dome of the Chain ၊ the Dome of the Ascension ဝတ်ပြုရာနေရာတွေ နဲ့ Islamic Museum ပြတိုက်တို့ အသီးသီးတွေ ရှိကြပါတယ်။


ဂျေရုဆလင် ဟာ ဘာသာကြီး ၃ ခု ရဲ့ အထင်ကရတွေနဲ့ ပြည့်နှက်နေပြီး လေ့လာစရာများပြားလွန်းတဲ့အရပ်လို့ ဆိုချင်ပါတယ်။ သမိုင်းနောက်ခံအကြောင်းအရာတွေ ပိုသိရလေ ပိုစိတ်ဝင်စားစရာဖြစ်ရသလို၊ ယနေ့ခေတ် နိုင်ငံရေးအခြေအနေကို သိရတော့လည်း ပိုပြီးစိတ်ဝင်စားစရာ ဖြစ်ရစေပါတယ်။ ဒီတစ်ပတ်တော့ ဒီအကြောင်းအရာလေး ကို တင်ပြပေးလိုက်ရပါတယ်ခင်ဗျ။


အားလုံးပဲ ကပ်ဆိုးကြီးများဘေးမှ အမြန်ကင်းဝေးချမ်းသာကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page