top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ဘယ်လက်နဲ့ စာရေးသူ စလေ ဦးပုည

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Aug 16, 2021
  • 2 min read

Updated: Jun 15, 2022

စလေမြို့ ဟာ ဦးပုည ရဲ့ မွေးရပ်မြေဆိုတာကို အလွန် ဂုဏ်ယူတာဗျ။ စလေမြို့အဝင် ဆိုင်းဘုတ် မှာတောင် ဦးပုည နာမည် ကို ထည့်ရေးထားတာ သတိပြုမိလိုက်သေးတယ်။


စလေဆရာကြီး ဦးပုည ရဲ့ လက်ရေးမူကို စလေရုပ်စုံကျောင်းတော်ကြီး ကို သွားလေ့လာတုန်းက ကျောင်းကြီး ရဲ့ အနောက်ဘက်မှာ တိုက်လေးနဲ့ ဖွင့်လှစ်ထားတဲ့ ရှေးဟောင်းပြတိုက်ထဲ မြင်ဖူးထားခဲ့တယ်။ ကျောင်းတော်ကြီး သွားလည်ရင် အဲ့နောက်က တိုက်ငယ်လေးကို ပြတိုက်မှန်း မသိလို့ မဝင်ဖြစ်ကြတာရော၊ ပြတိုက်မှန်းသိပေမဲ့ ပျင်းစရာထင်ပြီး မဝင်ကြသူတွေရော အမျိုးမျိုး ရှိပါတယ်။ ကျွန်တော်ကတော့ ဝင်လည်ဖြစ်တာ မှန်သွားတယ်လို့ ပြောရမယ်။ ဦးပုည ရဲ့ လက်ရေးမူကို မြင်ခွင့်ရခဲ့လို့ပါ။

စလေဦးပုည ဟာ ဗေဒင် နဲ့ အခါတော်ပေးမှာလည်း အတော်ကျွမ်းကျင်တဲ့ ပါရမီရှင်တဲ့။ ဦးပုည ရဲ့ အရပ်အမောင်းဟာ မပုမမြင့် အနေအထားနဲ့ အသားက ခပ်လတ်လတ်ပါ။ နှာတံစင်းပြီး နဖူးလည်း ပေါ်ပါတယ်။ တစ်ခု ထူးခြားတာက သူ့ရဲ့ ညာဘက်လက်ဟာ တံတောင်ဆစ်ကနေ လက်ဖျားအထိ ကို သိမ်နေတာပါပဲ။ မင်းတုန်းမင်းကြီးဆီ အခစားဝင်ရင် သူ့ရဲ့ ညာလက်ကို လက်ရှည်ဝတ်ပြီး ဖုံးအုပ်ထားလေ့ရှိပါတယ်။ ဒါကြောင့် သူဟာ စာရေးတဲ့အခါ ဘယ်လက်ကိုပဲ အသုံးပြုရေးသားရသူ ဖြစ်ပါတယ်။ အဲ့လိုလည်း သိလိုက်ရတော့ ကျွန်တော် သူ့ရဲ့ လက်ရေးကို ဓါတ်ပုံမှတ်တမ်းတင်ခဲ့တာလေး ပြန်ထုတ်ကြည့်မိတယ်။ လက်ရေး အတော်လှတာပါပဲလား။ ပေစာ နဲ့ ပုရပိုက်တွေပေါ်မှာ ကညစ်နဲ့ ရေးထားတာတွေဟာ ညီညာလုံးဝန်းပြီး လှပနေလိုက်တာလို့ ပြန်တွေးမိသွားတယ်။ သူ့ရဲ့ ညာလက် အခြေအနေကြောင့်ပဲလား မသိ၊ သူဟာ စာရေးရင် ပုရပိုက်ကို ထောင်လိုက်ထားပြီး ရေးရပါတယ်။

ဗေဒင် အခါတော်ပေး ကျွမ်းကျင်တဲ့ ဆရာကြီး ဦးပုည ဟာ ကျွမ်းကျင်ရာနဲ့ပဲ သေတယ်လို့ ဆိုရမယ်ထင်ပါရဲ့။ သူ့ဆီကို ဗေဒင်နဲ့ အခါတော်ပေးအတွက် ဝင်ထွက်သွားလာကြသူ မင်းညီမင်းသား နန်းတွင်းသူ နန်းတွင်းသားတွေ အတော်များခဲ့တာ။ မြင်းကွန်း မြင်းခုံတိုင်မင်းသား တွေပါ ပါဝင်ခဲ့တာက သူ့ရဲ့ ဘဝဇာတ်ကြောင်းကို တစ်မျိုးပြောင်းသွားစေခဲ့တာပဲ။ မြင်းကွန်း မြင်းခုံတိုင် မင်းသားတွေ မင်းတုန်းမင်း၊ ကနောင်မင်းသား အပါအဝင် မင်းညီမင်းသား အချို့ကို ပုန်ကန်လုပ်ကြံခဲ့တော့ ကနောင်မင်းသား နဲ့အတူ သားတော် မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသား တို့လည်း နတ်ရွာစံသွားကြရတယ်။ မင်းတုန်းမင်းကြီးကတော့ ကံအားလျော်စွာ လွတ်မြောက်သွားခဲ့ပါတယ်။ အဲ့ဒီမှာ စုံစမ်းရေးစတင်တော့ ဦးပုည အခါတော်ပေးတယ်လို့ ယူဆ စွပ်စွဲပြီး ဖမ်းဆီးချုပ်နှောင်ထားခဲ့တယ်။ အဲ့ဒီကိစ္စကို ဦးဆောင်သူက အရင်ကတည်းက ဦးပုည အပေါ် မနာလို အရင်းခံ အနည်းငယ်ရှိထားတဲ့ ဦးသာအို ပါ။ ဦးသာအို ဟာ မင်းတုန်းမင်းကြီး မင်းသားဘဝ ရှိတုန်းက နောင်တော်ပုဂံမင်းကို ပုန်ကန်တဲ့အခါ အိမ်တော်ပါ ကျွန်ရင်းအနေနဲ့ လိုက်ပါခဲ့သူမို့ မင်းတုန်းမင်းကြီး ထီးနန်းရတဲ့အခါ ရတနာပုံ မန္တလေး မြောက်မြို့ကို စားရတဲ့အခွင့် (မြို့တော်ဝန်ရာထူး) ပေးအပ်ခံခဲ့ရတယ်လို့ မှတ်သားရပါတယ်။ ဦးသာအို ဟာ အမျက်ကြီးပြီး စဉ်းစားဆင်ခြင်မှု နည်းတယ်လို့ သမိုင်းမှာ ဖော်ပြပါတယ်။ ဦးပုည ကို ဖမ်းဆီးရချိန်မှာ ဦးသာအို ရဲ့ မယားငယ် မရွှေလုပ် နဲ့ ဦးပုည ကို မသင်္ကာဖြစ်ပြီး ဘုရင့်အမိန့်မကျခင်မှာကတည်းက သူ့သဘောနဲ့ ကွပ်မျက်ပစ်ခဲ့တယ်လို့ စာတချို့မှာ ဖော်ပြလာပါတယ်။ မင်းတုန်းမင်းက တကယ်တော့ စိတ်ခဏဆိုးလို့သာ ဖမ်းဆီးချုပ်နှောင်ခိုင်းခဲ့ပေမဲ့ စိတ်ပြေတဲ့အခါ ပြန်ခေါ်တော့မှ ဒီအကြောင်းသိရပြီး ဦးသာအို ကို အကျဉ်းချလိုက်တယ်လို့လည်း ဖတ်ရပြန်ပါတယ်။ ဇာတ်​ကြောင်းက မူကွဲလည်း ရှိပါတယ်။ အင်တာနက်မှာ ဖတ်ရဖူးတယ်။ ကျွန်​တော်ဖတ်ဖူးတဲ့ စာအုပ်အကိုးအကား အရ​တော့ ဒီဇာတ်လမ်း​လေးအတိုင်းပဲမို့ ဒါ​​လေးကိုပဲ ပြန်​ဝေမျှပါတယ်ဗျ။ ဦးပုည ဇာတ်လမ်းထက် သူ့ရဲ့ စွမ်း​ဆောင်ရည် ပါရမီ အ​ပေါ် ကျွန်​တော့်အမြင်ကို အဓိက ​ပြောပြချင်တာပါ။

ကျွမ်းကျင်ရာနဲ့ သေခဲ့ရတဲ့ စလေဆရာကြီး ဦးပုည အဖြစ်က မလွယ်လှပါဘူး။ စလေမြို့အကြောင်း ပြန်သတိရတိုင်း ဘယ်ဘက်လက်နဲ့ စာရေးတတ်တဲ့ ဦးပုည ရဲ့ လက်ရေးလှလှလေးကို သတိရမိရင်း သူ့အကြောင်းကို ကျွန်တော် သိရသလောက် ပြန်ပြီး ဝေမျှပါတယ်ဗျ။ အားလုံး ကျန်းမာရွှင်လန်းစွာနဲ့ ကပ်ဆိုးကြီးကို ကျော်လွှားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin Camera :: SONY Alpha 7II with 16 - 35mm Lens Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page