top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Writer's pictureThiha Lu Lin

ထက်မြက်တဲ့ ခရီးသွားတစ်ယောက်ဆိုတာ...

ထက်မြက်တဲ့ခရီးသွားတစ်ယောက်ဆိုရင် ဒါလေးတွေ သိပြီး ဖြစ်နေရမယ်....


  • ဘယ်တော့မှ အမှန်ကုန်ကျငွေထက် ပိုအကုန်မခံဘူး

  • ခရီးထွက်ဖို့ အကောင်းဆုံးအချိန်ကိုပဲ ရွေးသွားတယ်၊ ဈေးအပေါဆုံးအချိန်ကို ရွေးမသွားဘူး

  • အမြဲကြိုတင်ဘိုကင်လုပ် ပြင်ဆင်ပြီးမှသွားတတ်ပြီး ပူပင်စိတ်ဆင်းရဲမခံဘူး

  • လုပ်ရမှာတွေကိုလည်း သေချာစီစဉ်ပြင်ဆင်ထားတယ်

  • ခရီးကို ပေါ့ပေါ့ပါးပါးပဲ သယ်ဆောင်သွားလာတယ်

  • ဘာဖြစ်ဖြစ် ဓာတ်ပုံလေးရိုက် သိမ်းတတ်လို့ လိုအပ်လာရင် ထုတ်သုံးဖို့ အဆင်ပြေသွားတယ် (ပတ်စပို့၊ ဗီဇာ၊ ဘဏ်ကတ်၊ ခရီးဆောင်အိတ် စသည်)

  • လူတွေ ပါးစပ်က ထုတ်ချီးမွမ်းတဲ့ နေရာတွေကိုပဲ ရှာဖွေ သွားလာတယ်

  • အဆင်သင့် အခန့်သင့် ခရီးထက် ကိုယ်တိုင်ရှာဖွေသွားလာရတဲ့ခရီးမျိုး ရွေးချယ်တယ်

  • ရောက်တဲ့နိုင်ငံ ရဲ့ ဆင်းမ်ကတ်ဝယ်ပြီး အမြဲအွန်လိုင်းအဆက်အသွယ်နဲ့ လုံခြုံရေးကို ဂရုပြုတယ်

  • ဒေသခံတွေနဲ့ စကားပြောရခြင်းကနေ ရလာမယ့် အကျိုးကို နားလည်ကြတယ်

  • ခရီးတစ်ဝက်မှာ ဘက်ထရီကုန်သွားတာမျိုး၊ မယ်မိုရီပြည့်သွားတာမျိုး အဖြစ်မခံကြဘဲ ကြိုတင်ပြင်ဆင်လာတတ်တယ်

  • လိမ်တော့မယ်ဆိုတာကို ရိပ်စားမိပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ သိကြတယ်

  • သဘာဝ ကို သဘာဝထဲမှာပဲ ရှာဖွေတတ်ကြတယ်

  • အလုံးစုံအတွက်ခ ရီးသွားအာမခံ အမြဲဝယ်ထားတတ်ကြတယ်

  • ရောက်တဲ့ဒေသရဲ့ ပို့ဆောင်ရေးယာဉ်တွေအကြောင်းနောကျေပြီး ဘယ်ပို့ဆောင်ရေးကို ရှောင်ရမလဲဆိုတာ ကြိုသိအောင်လုပ်ကြတယ်

  • နာမည်ကြီးနေရာတွေထက် တကယ်စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေကိုပဲ သွားလာတယ်

  • ဘယ်အချိန် ပွဲတော်ကာလ စပြီး၊ လက်မှတ် ဘယ်အချိန်ကတည်း ကြိုဝယ်ရမလဲဆိုတာ သိထားကြတယ်

  • ခရီးသွားရင်း ဖြစ်တတ်တဲ့ ကိုယ့်ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်လာတတ်တယ်

  • ကိုယ့်အသုံးစရိတ်ကို သေချာတွက်ချက်သုံးစွဲတတ်တယ်

  • ခရီးသွားကျင့်ဝတ်တွေကို အမြဲလိုက်နာတတ်တယ်


ခရီးသွားဝါသနာပါတဲ့သူတွေတိုင်းက ဒီအချက်အလက်တွေကို သိရှိပြင်ဆင်လုပ်ဆောင်နိုင်ရင် ကိုယ်ထွက်တဲ့ခရီးတိုင်းက တစ်ဘဝလုံး အမြဲအမှတ်ရစရာပြည့်နေတဲ့ ပျော်စရာခရီးချည်း ဖြစ်နေကြမှာပါ။

အချက်အလက်တိုင်းက လူတစ်ဦးချင်းစီနဲ့တော့ ကိုက်ညီမှုရှိချင်မှ ရှိနိုင်ပေမဲ့ ကိုက်ညီနိုင်ရင် အကောင်းဆုံးပါပဲ...



ကျွန်တော် မြန်မာတွေ လုပ်လေ့လုပ်ထ သိပ်မရှိတဲ့ ကြိုတင်ပြင်ဆင်ခြင်းဆိုတာ တကယ်တော့ ခရီးသွားရင် အထူးလိုအပ်သလို ခရီးသွားအာမခံ ဆိုတာမျိုးဟာလည်း ကျွန်တော်တို့ လုပ်လေ့မရှိပေမဲ့ အကယ်၍သာဆိုတဲ့ နောက်မှာ သိပ်အကျိုးရှိသွားစေပါတယ်...

ကိုယ့်အသုံးစရိတ်ကို သေချာချင့်ချိန်တတ်တဲ့သူဟာ ခရီးစဉ်တိုင်းကို ငွေအကုန်အကျ အသက်သာဆုံးနဲ့ ရောက်သွားနိုင်ကြသူများပါပဲ....

ကျွန်တော်ကိုယ်တိုင်လည်း ကာလတစ်ခုမှာ ငွေကို အတိုင်းအတာလေးတစ်ခုနဲ့ ခရီးထွက်တဲ့ Budget Travel လေးတွေ လုပ်ခဲ့ဖူးပါတယ်...​ မယုံနိုင်လောက်အောင် သက်သာတဲ့ငွေကြေးပမာဏနဲ့ ခရီးတွေ ထွက်နိုင်တာ သိလိုက်ရတယ်...

ငွေပေါလို့ သုံးစွဲသူကလည်း သုံးစွဲနိုင်ပါတယ်... ဒါကို အပြစ်ဆိုတာမျိုးမဟုတ်ဘဲ... ပမာဏတစ်ခုကြားကနေ ခရီးထွက်ချင်တဲ့သူတွေအတွက် အားပေးချင်တာမျိုးပါပဲ...


ကဲ ကိုယ်ဟာ ထက်မြက်တဲ့ ခရီးသွားတစ်ယောက်ဖြစ်ရဲ့လား? အချက် ဘယ်နှချက်နဲ့ ကိုက်ညီသလဲ ကျွန်တော့်ကိုလည်း ပြောပြပေးကြပါဦးဗျာ..


အားလုံးပဲ စိတ်ချမ်းမြေ့စရာ နှစ်သစ်ဖြစ်ပါစေ...

သီဟလုလင် | Thiha, the Traveller

4 views0 comments

Comments


bottom of page